အရေးပေါ်
မှုခင်းသတင်း

ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဖြစ်နေ

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဖြစ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့ အမှတ်(၁) ရဲစခန်းအနီး ဘိုဘွားရိပ်သာစေတီရှိ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို လွှနဲ့ တိုက်ဖြတ်ကာ ခိုးယူခဲ့တဲ့ ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ လလယ်လောက်က ဖြတ်တောက် ခိုးယူခံခဲ့ရတာ ဖြစ်ပြီး ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ ဝဲဘက်လက်ကောက်ဝတ် အရင်းကနေ ဖြတ်တောက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းအစိုးရ လက်အောက်ခံ တောင်ငူမြို့ အမှတ်(၁) မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင်နဲ့ အဖွဲ့ဟာ လှည့်ကင်းဆောင်ရွက်နေစဉ် တောင်ငူမြို့ ဆေးရုံနောက်ကျောဘက် ကျုံးပတ်လမ်းမှာ မသင်္ကာဖွယ် ကလေးငယ်တဦးကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဇင်မင်းထက်ရဲ့ လက်ထဲမှာ ကြွပ်ကြွပ်အိတ်အမည်းနဲ့ ထည့်ထားတဲ့ ပျောက်ဆုံးနေတဲ့ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

"အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးက ဘုရားလက်တော်တွေကို လွှနဲ့ ဖြတ်တောက်ရဲတဲ့အထိ ဖြစ်လာတာ စိတ်မကောင်းစရာပါ။ သူ့နောက်ကွယ်က ခိုင်းစေတဲ့သူ ဒါမှမဟုတ် ကြေးအရောင်းအဝယ်လုပ်တဲ့ ဆိုင်တွေ ရှိမရှိ ထပ်မံ စုံစမ်းပေးစေချင်ပါတယ်" လို့ လူမှုကွန်ယက် အသုံးပြုသူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

လတ်တလောမှာတော့ ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ လက်တွေကို ဖြတ်တောက်ခိုးယူခဲ့တဲ့ အဆိုပါကလေးငယ်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ နဲ့ တောင်ငူမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး ပြည်တွင်းသတင်း

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး ပြည်တွင်းသတင်း

မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ က.ည.န ရုံးအနီးမှာ ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်