အရေးပေါ်
နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

၂၀၂၆ အောက်တိုဘာ ၂၉ Myo Taw
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

အောက်တိုဘာ ၂၉

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or of All Time - B.O.A.T) အဖြစ် ကမ္ဘာတဝန်းက ဘောလုံးပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ကြတယ်လို့ Ballon d’Or က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် ရွှေဘောလုံးဆုကို ၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ရယူခဲ့တဲ့ ၂၀၀၈ ခုနှစ် အောင်ပွဲကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အထူးခြားဆုံးအဖြစ် စွဲကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီရာသီတုန်းက ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုနဲ့အတူ အမှတ်ပေးဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပြိုင်ပွဲတလျှောက် အများဆုံး ၈ ဂိုး သွင်းယူကာ ဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ရပြီး ယူနိုက်တက်ကို ဥရောပချန်ပီယံ ဖြစ်စေခဲ့ပါတယ်။

အဲဒီ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၉ ပွဲကစား၊ ၄၂ ဂိုးအထိ သွင်းယူပြခဲ့တဲ့ ရော်နယ်ဒိုဟာ ယူဆီဘီယိုနဲ့ လူးဝစ် ဖီဂိုတို့နောက်ပိုင်း ရွှေဘောလုံးဆု ဆွတ်ခူးနိုင်တဲ့ တတိယမြောက် ပေါ်တူဂီ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် အောင်ပွဲဟာ လီယွန်နယ် မက်ဆီနဲ့အတူ ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ဆိုင်မှု ခေတ်သစ်တခုကို ဖွင့်လှစ်ပေးခဲ့တဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆု (B.O.A.T) မဲပေးမှုမှာ မက်ဆီရဲ့ ၂၀၁၂ ခုနှစ် Ballon d’Or ဆုရရှိမှုက ဒုတိယနေရာမှာ ရပ်တည်နေပြီး ရော်နယ်ဒိုရဲ့ ၂၀၁၇ ခုနှစ် Ballon d’Or ဆုရရှိမှုက တတိယနေရာ ရရှိခဲ့ပါတယ်။

Ref & Photo: Ballon d’Or

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်
West Bank ဒေသမှာ အစ္စရေးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးကောင်စီ စွပ်စွဲ နိုင်ငံတကာသတင်း

West Bank ဒေသမှာ အစ္စရေးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးကောင်စီ စွပ်စွဲ

အစ္စရေးဟာ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း West Bank ဒေသတွင်းက ပါလက်စတိုင်း အရပ်သားတွေအပေါ် လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က…

ဖတ်ရန်
တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုသူအရေအတွက် ကလေးငယ်တွေထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာ နိုင်ငံတကာသတင်း

တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အို မှီခိုသူအရေအတွက် ကလေးငယ်တွေထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာ

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာတာနဲ့အတူ သက်ကြီးရွယ်အို လူဦးရေ အလျင်အမြန် များပြားလာနေတာကြောင့် အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ထောက်ပံ့စောင့်ရှောက်ရတဲ့ နှုန်းထားဟာ…

ဖတ်ရန်