ရုပ်သံ
Daily NEWS
နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို
နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ မင်းအောင်လှိုင် ပြောဆို
အောက်တိုဘာ ၂၉
နေပြည်တော် အာဏာသိမ်းအစိုးရ လက်အောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး နိုင်ငံ့သမိုင်းမှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
သမိုင်းတလျှောက် ရွေးကောက်ပွဲတွေကို လေ့လာကြည့်ရင် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို ရရှိပြီး သမိုင်းကြောင်းမှာ မှတ်ကျောက်တင်ခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး တက်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အစိုးရဟာ နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှု မရှိခဲ့ဘူးလို့ ဗြောင်ကျကျ လိမ်လည်ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အစိုးရဟာ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိရေးအတွက် မသမာတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့မှုတွေကြောင့် ကြီးမားတဲ့ မဲစာရင်း ကွာဟမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
"စစ်ခေါင်းဆောင်က ခုချိန်ထိ ပြည်တွင်းမှာလုပ်တဲ့ အခမ်းအနားတိုင်းမှာကော၊ ပြည်ပခရီးစဉ်တွေမှာကော၊ သမ္မတအဖြစ် ကျမ်းကျိန်တုန်းကကော မဲမသမာလို့ အာဏာထိန်းရတာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လုပ်တာပါ ဆိုတာပဲ ခုချိန်ထိ အဖန်တရာမက ထပ်တလဲလဲ ပြောနေရတာကိုက အတော်ကြီး ရှက်ဖို့ကောင်းတယ်။ ဒါကိုကြည့်ရင် သူ့ရင်ထဲမှာ မလုံခြုံမှုတွေ ကြီးစိုးနေတာကို ပြနေတာပါ" လို့ တပ် CDM အရာရှိတဦးက မြို့တော်ကို ပြောပါတယ်။
ဆက်လက်ပြီး စစ်ခေါင်းဆောင်က တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရဲ့ ရေမြေ သယံဇာတကောင်းတွေ၊ အရင်းအမြစ်တွေကို မှန်မှန်ကန်ကန် ပေါင်းစပ်အသုံးချပြီး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပညာတတ် လူသားအရင်းအမြစ်တွေနဲ့သာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးနှင့် ပတ်သက်တဲ့ ပညာတတ် လူသားအရင်းအမြစ်တွေ များစွာပေါ်ထွက်လာစေဖို့ လုပ်ဆောင်လျက်ရှိသလို အလုပ်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့အားကို နိုင်ငံကုန်ထုတ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ စီမံဆောင်ရွက်ပေးဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
"ပညာတတ် လူငယ်တွေကို ဖမ်းဆီး၊ ထောင်ချနေတဲ့သူက ဒီလိုတွေပြောတော့ အရပ်စကားနဲ့ပြောရရင် အတော်ကြီး ရုပ်ပေါက်တာပေါ့။ သူ့ကြောင့် ပညာတတ်လူငယ်တွေ တောထဲမှာ နေရ။ တခြားတိုင်းပြည် ထွက်ပြေးကြရ ဖြစ်နေတာ။ သူ မလို့လည်း ဒီလိုဗြောင်လိမ်ဗြောင်စား ပြောရဲတာ ထူးဆန်းမနေပါဘူး" လို့ ပြည်ပရောက် ပြည်သူတစ်ဦးက ဝေဖန်ပြောဆိုထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နယ်စပ်တလျှောက်မှာ တော်လှန်ရေး အင်အားစုတွေ ကြီးစိုးနေတဲ့အတွက် နယ်စပ်ကုန်သွယ်မှုတွေ ရပ်တန့်နေပြီး ရသင့်ရထိုက်တဲ့ အခွန်အခတွေ မရတော့ဘူးဆိုတာကို အစည်းအဝေးမှာ ဝန်ခံသွားတာကို တွေ့ရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (4)
ဆက်စပ် သတင်းများ
ရုပ်သံ
Daily NEWS
ပြည်တွင်းသတင်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…
ပြည်တွင်းသတင်း
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…
ပြည်တွင်းသတင်း
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး
မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။