အရေးပေါ်
နိုင်ငံတကာသတင်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

၂၀၂၆ သြဂုတ် ၃၁ Myo Taw
ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ဩဂုတ် ၃၁

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မညီမျှမှုတွေကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ကြဖို့ လာမယ့် G20 အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံလောက်အထိ ကုန်သွယ်ရေး ပိုငွေပြနေတဲ့ တရုတ်နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆက်လက်လက်ခံထားလို့ မရဘူးလို့ ဘက်ဆင့်က ပြောဆိုထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ပို့ကုန်အပေါ် အလွန်အကျွံ အားကိုးနေတာကို လျှော့ချကာ ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအားဘက်ကို အာရုံစိုက်လာစေဖို့ တွန်းအားပေးဖို့ လိုအပ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်အနေနဲ့ တရုတ်သွင်းကုန်တွေကို အခွန်မြင့်မြင့် ချမှတ်ထားတာကြောင့် အမေရိကန်ဈေးကွက်ထဲ တရုတ်ကုန်ပစ္စည်း ဝင်ရောက်မှု လျော့ကျလာပေမယ့် အဲဒီကုန်ပစ္စည်းတွေဟာ ဥရောပနဲ့ လက်တင်အမေရိကအပါအဝင် တခြားဈေးကွက်တွေထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေတယ်လို့ ဘက်ဆင့်က ထောက်ပြထားပါတယ်။

ဒါကြောင့် ပြည်တွင်းဝယ်လိုအား အားနည်းနေတဲ့ တရုတ်နိုင်ငံကို ပို့ကုန်အားကိုးတဲ့ စနစ်ကနေ ခွဲထွက်လာအောင် တွန်းအားပေးဖို့ အခြားနိုင်ငံတွေအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ဘက်ဆင့်က ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ချမှတ်ခဲ့တဲ့ အခွန်တွေကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးလိုငွေပြမှုဟာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၉ ဘီလီယံအထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံခန့်အထိ လျော့ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တရုတ်ယွမ်ငွေဟာ တန်ဖိုး ၂၁ ရာခိုင်နှုန်းအထိ နိမ့်နေတယ်လို့ သုံးသပ်ထားပေမယ့် ကုန်သွယ်ရေးမညီမျှမှုရဲ့ အဓိကပြဿနာဖြစ်တဲ့ တရုတ်စက်မှုလုပ်ငန်းတွေအပေါ် အစိုးရထောက်ပံ့မှု များပြားနေခြင်းနဲ့ ပြည်တွင်းဝယ်လိုအား အားနည်းနေတာတွေကို မဖြေရှင်းဘဲ ယွမ်ငွေတန်ဖိုး မြှင့်တင်ဖို့ ကြိုးပမ်းတာဟာ ထိရောက်မှာ မဟုတ်ဘူးလို့ ဘက်ဆင့်က ပြောပါတယ်။

လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာတော့ သမ္မတ ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ ရှိနေပြီး ဆွေးနွေးပွဲမတိုင်ခင်မှာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မဟုတ်တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်လျှော့ချရေးနဲ့ အဆင့်မြင့် ဉာဏ်ရည်တု (AI) နည်းပညာ ထိန်းချုပ်ရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ် နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့…

ဖတ်ရန်
နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ နိုင်ငံတကာသတင်း

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးမြေပြိုမှု ထပ်မံဖြစ်ပွားပြီး လူ ၅ ဦး ပျောက်ဆုံးနေ

နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီးရေလျှံမှု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၅ ဦး ပျောက်ဆုံးနေပြီး နီပေါစစ်တပ်က ဘေးသင့်ဒေသတွေဆီကို သွားရောက်ကာ အရေးပေါ်…

ဖတ်ရန်
သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်