အရေးပေါ်
နိုင်ငံတကာသတင်း

မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

၂၀၂၆ အောက်တိုဘာ ၁၀ Myo Taw
မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

မွန်ဂိုးလီးယားမှာ နေအိမ်အတွင်း ဝက်ဝံ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၁၀

မွန်ဂိုးလီးယားနိုင်ငံ၊ မြို့တော် အူလန်ဘာတာ မြို့စွန်က နေအိမ်တလုံးထဲကို ဝက်ဝံတကောင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်မှာရှိနေတဲ့ အမျိုးသားတဦး သေဆုံးသွားပြီး အမျိုးသမီးတဦးလည်း အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ဘာယန်ဇူးခ်ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားဟာ နေရာမှာတင် သေဆုံးခဲ့ကာ အသက် ၅၀ ကျော် အမျိုးသမီးကတော့ ဒဏ်ရာတွေကြားကနေ အိမ်နီးနားချင်းတွေဆီ အကူအညီတောင်းနိုင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့ပေမယ့် လက်ရှိမှာ ဆေးရုံတင်ထားရပြီး အခြေအနေစိုးရိမ်ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ တောခေါင်းဝန်ထမ်း ၃၅ ဦးပါ အဖွဲ့က အဲဒီဝက်ဝံကို လိုက်လံရှာဖွေနေသလို ဒေသခံတွေကိုလည်း သတိထားကြဖို့ နှိုးဆော်ထားတဲ့အပြင် ပြည်နယ် ၈ ခုမှာ ဝက်ဝံဖမ်းဆီးခွင့် ပါမစ်တွေ ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၈ ရက် ထုတ်ပြန်ချက်အရ မွန်ဂိုးလီးယားနိုင်ငံတဝန်း ပြည်နယ် ၁၁ ခုနဲ့ မြို့တော်မှာ ဝက်ဝံတွေ့ရှိမှု ၇၅၄ ကြိမ်အထိ ရှိလာခဲ့ပြီး ၈၀ ရာခိုင်နှုန်းဟာ သားပေါက်ပါတဲ့ ဝက်ဝံမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတု ဖောက်ပြန်မှုနဲ့ အစာရေစာ ရှားပါးလာတာတွေကြောင့် ဝက်ဝံတွေ လူနေဒေသဘက် ဆင်းလာတာဖြစ်ပြီး ခန်တီပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ ဝက်ဝံတကောင်ကို စစ်ဆေးရာမှာလည်း ဝမ်းဗိုက်ထဲ ဘာအစာမှ မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ရုရှားနိုင်ငံမှာလည်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ 6 ဦးထက်မနည်း သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံမှာလည်း ဆောင်းခိုရာကနေ ဆာလောင်စွာ နိုးထလာတဲ့ ဝက်ဝံတွေကြောင့် ပြီးခဲ့တဲ့နှစ်က လူ ၁၃ ဦးအထိ စံချိန်တင် သေဆုံးခဲ့ပါတယ်။

Ref & Photo: The Independent
Photo: Getty/iStock


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော နိုင်ငံတကာသတင်း

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးလို့ နော်ဝေအတွက် “ဖျောက်ဖျက်မရတဲ့ သမိုင်းအမည်းစက်” ကျန်ခဲ့ပြီလို့ ထရမ့်ပြော

သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု မပေးခဲ့တဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က မကျေမနပ် ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပြီး၊ ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်သလို နော်ဝေနိုင်ငံ အတွက်လည်း ဘယ်တော့မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား နိုင်ငံတကာသတင်း

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်"အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ဒေလီမြို့မှာ လုံခြုံရေး အပြည့်ချပြီး ပိတ်ဆို့ထား

အိန္ဒိယနိုင်ငံမှာ နိုင်ငံသား သန်း ၁၃၀ ကျော်ရဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးစေခဲ့တဲ့ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ "ပိုးဟပ်" လူငယ်လှုပ်ရှားမှုအဖွဲ့က…

ဖတ်ရန်
တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ကို သုတေသနရန်ပုံငွေ ကန့်သတ်ဖို့ ရီပတ်ဘလီကန် လွှတ်တော်အမတ် တောင်းဆို နိုင်ငံတကာသတင်း

တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ကို သုတေသနရန်ပုံငွေ ကန့်သတ်ဖို့ ရီပတ်ဘလီကန် လွှတ်တော်အမတ် တောင်းဆို

တရုတ်တက္ကသိုလ် ၅၈ ခုနဲ့ နည်းပညာဓာတ်ခွဲခန်း ၆၂ ခုအပေါ် အမေရိကန်ရဲ့ သုတေသနရန်ပုံငွေ ထောက်ပံ့မှုတွေ ကန့်သတ်ဖို့ ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်တဦးက အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို…

ဖတ်ရန်
ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော နိုင်ငံတကာသတင်း

ရုရှားရဲ့ ခြိမ်းခြောက်မှုကြားက နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆက်လုပ်သွားမယ်လို့ NATO ပြော

ရုရှားဘက်က ပိုင်နက်နယ်မြေ ခြိမ်းခြောက်ခံရရင် နျူကလီးယားလက်နက် သုံးဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ သတိပေးထားပေမယ့် နေတိုး (NATO) အဖွဲ့ကတော့ နှစ်စဉ်ပြုလုပ်နေကျ နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို…

ဖတ်ရန်