အရေးပေါ်
နိုင်ငံတကာသတင်း

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

၂၀၂၆ ဇူလိုင် ၅ Myo Taw

လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ချင်းတောင်မြို့ ကမ်းလွန်ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ တရုတ်နဲ့ ရုရှားရေတပ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့ တရုတ်နဲ့ ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဇူလိုင် ၅

လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံ ချင်းတောင်မြို့ ကမ်းလွန်ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ တရုတ်နဲ့ ရုရှားရေတပ်တွေက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်မယ့် အဆိုပါစစ်ရေးလေ့ကျင့်မှုအတွက် ရုရှားရဲ့ ပစိဖိတ်ရေတပ်စုက စစ်ရေယာဉ် ၁ စီး၊ ကော်ဗတ် (Corvette) တိုက်ရေယာဉ်ငယ် ၁ စီး၊ ဒီဇယ်-လျှပ်စစ်နှစ်မျိုးမောင်း ရေငုပ်သင်္ဘော ၁ စီးနဲ့ ကယ်ဆယ်ရေးသင်္ဘော ၁ စီးတို့ဟာ ချင်းတောင်မြို့ကို ရောက်ရှိနေပြီလို့ ရုရှားအစိုးရပိုင် အာအိုင်အေ (RIA) သတင်းဌာနက ဖော်ပြထားပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ပူးတွဲရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီးမှာ နှစ်နိုင်ငံရေတပ်အင်အားစုအချို့ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက သတ်မှတ်ထားတဲ့ ရေပြင်တွေဆီကို ဆက်လက်ထွက်ခွာပြီး ပူးတွဲရေကြောင်းကင်းလှည့်မှုတွေကိုပါ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း နိုင်ငံတကာသတင်း

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း

မနေ့က ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီရု ပူတင်နဲ့ မိနစ် ၉၀ နီးပါးကြာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့…

ဖတ်ရန်
ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း နိုင်ငံတကာသတင်း

ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကာကွယ်ပေးဖို့ အမေရိကန်ကို ပုပ်ရဟန်းမင်းကြီး လီယို မေတ္တာရပ်ခံ တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက အမေရိကန်နိုင်ငံ လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာကနေတဆင့် အမေရိကန်ပြည်သူတွေအနေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံကြိုဆိုပြီး…

ဖတ်ရန်
အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ နိုင်ငံတကာသတင်း

အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်ရဲ့အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် လူထုဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် တပတ်ကြာ ကျင်းပနိုင်ဖို့ အီရန်အစိုးရက…

ဖတ်ရန်