ဇူလိုင် ၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်ရဲ့အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် လူထုဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် တပတ်ကြာ ကျင်းပနိုင်ဖို့ အီရန်အစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အဓိပတိခေါင်းဆောင် အလီခါမေနီရဲ့ ဈာပနအခမ်းအနားကို အောက်မေ့ဖွယ် ကျင်းပနိုင်ဖို့ အီရန် ပြင်ဆင်နေ
ဇူလိုင် ၃
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်ရဲ့အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်အဆင့် လူထုဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားအဖြစ် တပတ်ကြာ ကျင်းပနိုင်ဖို့ အီရန်အစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဈာပနကို တီဟီရန်မြို့မှာ စတင်ကျင်းပမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ ကွန်းမ်နဲ့ မက်ရှ်ဟတ် မြို့တွေမှာ လူထုချီတက်ပို့ဆောင်ပွဲတွေအပြင် အီရတ်နိုင်ငံမှာလည်း အောက်မေ့ဖွယ်အခမ်းအနားတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်အာဏာပိုင်တွေကတော့ ထောက်ခံသူ သန်းပေါင်းများစွာ ပါဝင်လာစေဖို့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုရေးနဲ့ စားသောက်ရေးအစီအစဉ်တွေကိုပါ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အယာတိုလာ အလီခါမေနီ သေဆုံးပြီးနောက် သားဖြစ်သူ မိုဂျ်တာဘာ အလီခါမေနီ က အီရန်ရဲ့ အဓိပတိခေါင်းဆောင်အဖြစ် ဆက်ခံပေမယ့် ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ဒဏ်ရာရခဲ့တာကြောင့် လက်ရှိအချိန်အထိ လူမြင်ကွင်းမှာ မပေါ်ထွက်သေးဘူးလို့ လည်းသိရပါတယ်။
စောင့်ကြည့်လေ့လာသူတွေကတော့ အီရန်ပြည်သူအများစုဟာ စီးပွားရေးပိတ်ဆို့မှုနဲ့ တော်လှန်ရေးအမည်ခံ ဖိနှိပ်မှုတွေကြောင့် အစိုးရအပေါ် ထောက်ခံမှု လျော့နည်းနေတယ်လို့ သုံးသပ်ပြောဆိုထားပြီး အယာတိုလာ အလီခါမေနီ သေဆုံးတဲ့သတင်း ထွက်ပေါ်လာချိန်တုန်းကလည်း တီဟီရန်မြို့ရဲ့ နေရာတချို့မှာ ဝမ်းမြောက်အော်ဟစ် အောင်ပွဲခံမှုတွေ ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တီဟီရန်မြို့ဟာ ခြောက်ကပ်ငြိမ်သက်ပြီး တင်းမာမှုတွေ လွှမ်းမိုးနေကာ ဒါဟာ ၁၉၈၉ ခုနှစ် အီရန်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ ကွယ်လွန်စဉ်က လူထုသန်းပေါင်းများစွာ စည်းလုံးငိုကြွေးခဲ့ကြတဲ့ မြင်ကွင်းနဲ့ သိသိသာသာ ကွာခြားနေပါတယ်။
တီရန်မြို့ခံတချို့ကတော့ မြို့ထဲမှာ ဘာဆီးဂျ်လို့ ခေါ်တဲ့ အီရန်အစိုးရလိုလားတဲ့ ပြည်သူ့စစ်တွေနဲ့ ပြည့်နှက်နေတာကြောင့် ဈာပနအခမ်းအနားတွေကို တက်ရောက်ဖို့ အစီအစဉ်မရှိဘဲ မိသားစုနဲ့အတူ မြို့ကို ခေတ္တစွန့်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
Ref & Photo; The Reuters
မြို့တော် News Channel
#myotawnpt
#Myotaw
၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ပြည်တွင်းသတင်း
ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄…
ပြည်တွင်းသတင်း
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးဟာ