မနေ့က ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီရု ပူတင်နဲ့ မိနစ် ၉၀ နီးပါးကြာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး နဲ့လည်း ဖုန်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ကူညီပေးမယ်လို့ ပူတင်ကို ထရမ့် ကမ်းလှမ်း
ဇူလိုင် ၅
မနေ့က ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမီရု ပူတင်နဲ့ မိနစ် ၉၀ နီးပါးကြာ ဖုန်းနဲ့ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့သလို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး နဲ့လည်း ဖုန်းနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထရမ့်က လာမယ့်သီတင်းပတ် တူရကီနိုင်ငံမှာ ကျင်းပမယ့် နေတိုး (NATO) ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ကမ်းလှမ်းခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ အမြန်ဆုံး အဆုံးသတ်ဖို့နဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ အဆင်သင့်ရှိနေကြောင်း ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ကရင်မလင်နန်းတော်က ဆိုပါတယ်။
ရုရှားဘက်ကတော့ အဆိုပါဆွေးနွေးမှုကို လုပ်ငန်းသဘာဝဆန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလို့ ဖော်ပြခဲ့ပြီး ရုရှားအနေနဲ့လည်း ရုရှားရဲ့ အခြေခံမူဝါဒတွေကို ထည့်သွင်းစဉ်းစားမယ့် နိုင်ငံရေးနဲ့ သံတမန်ရေးရာ အဖြေတစ်ခုကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ဇူလိုင်လ ၃ ရက်နေ့က ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ် (Donetsk) ဒေသရှိ မဟာဗျူဟာမြောက် ကော့စတန်တင်နီဗ်ကာ (Kostiantynivka) မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားစစ်ဗိုလ်ချုပ်တွေက ပူတင်ကို အစီရင်ခံခဲ့ပေမဲ့ ဇီလန်းစကီးနဲ့ ယူကရိန်းစစ်ဌာနချုပ်ကတော့ အဆိုပါမြို့ကို ယူကရိန်းတပ်ဖွဲ့တွေကပဲ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဇူလိုင်လ ၄ ရက်နေ့က တုံ့ပြန်ပယ်ချထားပါတယ်။
လက်ရှိမှာ ရုရှားဘက်က စစ်ပွဲရပ်တန့်ဖို့အတွက် ဒွန်ဘတ်စ် (Donbas) ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရဖို့ တောင်းဆိုထားပြီး၊ ယူကရိန်းဘက်ကတော့ ဒါကို လုံးဝငြင်းပယ်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဇီလန်းစကီးက ပူတင်ကို လူချင်းတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ပူတင်ဘက်က ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။
Ref & Photo; Reuters
မြို့တော် News Channel