အရေးပေါ်
နိုင်ငံတကာသတင်း

ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

၂၀၂၆ နိုဝင်ဘာ ၂၄ Myo Taw
ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

ကျောက်မြောင်းမှာ နေ့ခင်းဘက်ကြီး ရွေဆိုင်တဆိုင်ကို လူငယ်တခု ဓားကိုင်ကာ ဝင်ရောက်လုယက်

နိုဝင်ဘာ ၂၄

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းက စိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်တဆိုင်ကို လူငယ်တစုက ဓားကိုင်ကာ ဝင်ရောက်တိုက်ခိုက် လုယက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဓားတွေကိုင်ဆောင်ထားတဲ့ လူငယ်တစုက ဆိုင်ထဲကို အတင်းဝင်ရောက်ကာ လုယက်ခဲ့တာလို့ ဆိုင်ပိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

“ကျွန်မဆိုင်မှာ ဖြစ်သွားတာပါ၊ အားလုံး သတိရှိကြပါ။ ကိုယ့်ဘာသာကိုယ် ကာကွယ်မှ အဆင်ပြေတဲ့ အခြေအနေမှာ မှန်အထူစားသုံးထားလို့ မပါသွားတာပါ။ ဧည့်သည်လာလို့ ခဏတံခါးဖွင့်တုန်း အလစ်ချောင်း ဝင်လာတာပါ။ သုံးရက်လောက် အရင်လေ့လာပြီးမှ လုပ်တာနော်။ ကလေးတွေဆိုပြီး အထင်သေးလို့ မရဘူး။ အားလုံးဂရုစိုက်ကြပါ” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။

ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းထဲမှာ လူငယ်တစုက ဆိုင်ထဲကို အတင်းဝင်ရောက်လာခဲ့ပြီး ဆိုင်ရှင်နဲ့ ဧည့်သည်တွေကို ဓားနဲ့ချိန်ရွယ်ကာ ကျန်တဦးက မှန်ဘီဒိုထဲက ရွှေထည်တွေယူဖို့ ကြိုးစားခဲ့ပေမယ့် ရွှေထည်ပစ္စည်းတွေ ထားရှိရာ မှန်ပုံးတွေဟာ မှန်အထူသားတွေ ဖြစ်တာကြောင့် ပစ္စည်းတွေ ပါမသွားခဲ့တာကို တွေ့ရှိရပြီး လူတွေလည်း ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သိရပါတယ်။

လတ်တလောမှာ ဆိုင်တွင်းဝင်ရောက်ကာ လုယက်ဖို့ ကြိုးစားခဲ့တဲ့ လူငယ်တွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပြီး အာဏာသိမ်းအစိုးရလက်ထက်မှာ ရွှေဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အဓိကပစ်မှတ်ထားတဲ့ လုယက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး တရားခံဖမ်းဆီးရမိတာလည်း နည်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင်ကို ဆိုင်ကယ်နဲ့ တဦးတည်းရောက်လာကာ သေနတ်ပြ ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့ပြီး ရွှေဆွဲကြိုး ၁၉ ကုံး၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၂၀၀ ဝန်းကျင်ခန့် ပါသွားခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ နိုင်ငံတကာသတင်း

တရုတ်နဲ့ EU အပါအဝင် နိုင်ငံ ၁၆ နိုင်ငံကို အခွန်ထပ်တိုးကောက်ဖို့ ထရမ့်အစိုးရ ပြင်ဆင်နေ

တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံ ၁၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ထပ်တိုးကောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မကြာခင် ကြေညာဖို့ရှိနေတယ်လို့…

ဖတ်ရန်
ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ နိုင်ငံတကာသတင်း

ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင် ပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ ဟော့ပေါ့ဆိုင်တဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ လို့သိရပါတယ်။

ဖတ်ရန်
စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက် နိုင်ငံတကာသတင်း

စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက်

တောင်ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွင်း AI နည်းပညာသုံးပြီး စာမေးပွဲခိုးချတာတွေကို တားဆီးဖို့အတွက် စည်းကမ်းချက် အပြောင်းအလဲတွေ လုပ်ခဲ့ရာကနေ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပညာရေးဝန်ကြီးက နိုဝင်ဘာလ…

ဖတ်ရန်
အင်ဒိုနီးရှားက စက်ရုံမီးလောင်မှု သေဆုံးသူ ၂၄ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ကို ဆက်လက်ရှာဖွေနေ နိုင်ငံတကာသတင်း

အင်ဒိုနီးရှားက စက်ရုံမီးလောင်မှု သေဆုံးသူ ၂၄ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ၃၀ ခန့်ကို ဆက်လက်ရှာဖွေနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ စက်ရုံမီးလောင်မှုအတွင်း လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုလိုက်ပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ…

ဖတ်ရန်