ရုပ်သံ
Daily NEWS
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လှိုင်သာယာမှာ လူငယ်တဦးကို ၄ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ အုပ်ကြီးနဲ့အဖွဲ့ အမှုဖွင့်စစ်ဆေးခံရ
စက်တင်ဘာ ၁၀
ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ကျန်စစ်သားလမ်း ကျန်စစ်မင်းအိမ်ရာရှေ့မှာ အလုပ်ကနေပြန်လာတဲ့ အမျိုးသားတဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့မှာ ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ သိရပါတယ်။
လှိုင်သာယာ(အရှေပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ကိုနိုင်နိုင်ကျော် ဟာ စက်တင်ဘာလ ၄ ရက် ညပိုင်းက သူအလုပ်လုပ်တဲ့ စက်ရုံကနေပြန်လာစဉ် ရပ်ကွက်အုပ်ချုပ်ရေး လှည့်ကင်းအဖွဲ့လို့ဆိုကာ လူ ၆ ဦးက အမှတ်(၈)ရပ်ကွက်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
"သူက စက်ရုံကအပြန် ဘီယာသောက်ထားတယ်။ (၃)ထိပ်မှတ်တိုင်ကို သုံးဘီးငှားစီးပြီး ပြန်တာ။ သုံးဘီးသမားက သုံးထိပ်ကို မပို့ပေးဘဲ လှိုင်သာယာပြည်သူ့ဆေးရုံရှေ့မှာ ချပေးတာ။ ညဘက်ခွေးတွေကလည်း ဟောင်တော့ သူက ဟိုဘက်လမ်းကူးသွားချိန် လူ(၆)ဦးက ရပ်ကွက်ရုံးသို့ ဖမ်းဆီးခေါ်သွားတာ" လို့ ကိုနိုင်နိုင်ကျော် နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုနိုင်နိုင်ကျော် ဟာ အမှတ်(၈)ရပ်ကွက်ရုံးမှာ ၄ ရက်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး စက်တင်ဘာလ ၈ ရက် ည(၇)နာရီခန့်မှာ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ညှိနှိုင်းပြောဆိုရာက ပြန်လည်လွှတ်မြောက် လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုနိုင်နိုင်ကျော် ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်၊ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး(၅၀-နှစ်)၊ ကျော်ကျော်ဝင်း (ခ) ကျော်ကြီး (၂၇-နှစ်)၊ လွင်မိုး (၂၉-နှစ်)၊ ကျော်ထက်ခေါင် (၂၅ နှစ်)၊ ဇော်မင်း (၄၂ နှစ်) နှင့် ကျော်သက်ပိုင်(ခ)ကျားပေါက် တို့ (၇) ဦးကို လှိင်သာယာ(အရှေပိုင်း)မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ