စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေး
စက်တင်ဘာ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ် - ရေး ကားလမ်းပိုင်းမှာ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က သံဖြူဇရပ် - ရေးကားလမ်းပိုင်း သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာအနီး ဇမြွန်းပင်လမ်းဆုံမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဆောင်ရွက်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူဟာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ အသက် (၂၉) နှစ်အရွယ်ရှိ မျိုးသီဟ ဖြစ်တယ်လို့ သိရပြီး သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်ကို ဆိုင်ကယ်နဲ့ သွားချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အငယ်တန်းစာရေး မျိုးသီဟ ကိုင်ဆောင်တဲ့ ဖုန်းထဲမှာ စားသုံးသူရေးရာဦးစီးဌာနရဲ့ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ဓါတ်ပုံတွေ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ကာ စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီခန့်မှာတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel