အရေးပေါ်
ပြည်တွင်းသတင်း

သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ဆောင်ဖိုးကျေးရွာမှာ ခန္တာကိုယ်အနှံ့ သမင်ဖြူပေါက်နေလို့ဆိုကာ ရွာကနှင်ထုတ်ခံရတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က ရွာလူကြီးနဲ့ ကျေးရွာဒေသခံတွေက အသက် ၇၂ အရွယ် အဖိုးအိုတဦးကို ဝိုင်းဝန်းနှင်ထုတ်ခဲ့ကြတာဖြစ်ပြီး ကျန်းမာရေးဌာနက ကူးစက်ရောဂါမဟုတ်ကြောင်း လာရောက်ရှင်းပြပေမယ့် ကျေးရွာက လက်မခံဘဲ ဝိုင်းဝန်းနှင်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေလည်း လာပြီးရှင်းပြတယ်။ သွေးစစ်တာကအစ လုပ်ပြတာကို ရွာကလက်မခံတာ။ သူတို့ကို ကူးမှာကြောက်လို့ဆိုပြီး နှင်ထုတ်တာ။ အသက်ကြီးမှ နေစရာစားစရာမရှိဘဲ တောင်ယာထဲက တဲလေးမှာ နေနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သမင်ဖြူရောဂါဟာ အရေပြားဆဲလ်တွေပျက်စီးပြီး ကိုယ်ခံအားစနစ်မူ မမှန်ရာက ဖြစ်ပေါ်လာတဲ့ လက္ခဏာတမျိုးဖြစ်ပြီး လူတဦးနဲ့တဦး ကူးစက်တဲ့ရောဂါ မဟုတ်ဘူးလို့ သိရပါတယ်။

ရွာကနှင်ထုတ်ခံရတဲ့ အဖိုးအိုဟာ လက်ရှိမှာ တောင်ယာခြံတခုထဲက တဲမှာ ခက်ခက်ခဲခဲနေထိုင်နေရပြီး မိသားစုအနေနဲ့လည်း စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က တောင်လေးရွာမှာ ရွာထုံးတမ်းအစဥ်အလာဖောက်ဖျက်ပြီး အခြားရွာသားနဲ့ သမီးရည်းစားထားလို့ဆိုကာ ရွာလူကြီးနဲ့အဖွဲ့က အမျိုးသမီးငယ်တဦးကို ဝိုင်းဝန်းရိုက်နှက်ကာ နေအိမ်ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မင်္ဂလာတောင်ညွန့်မှာ ရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုကာ ငွေလုယူသွားသူကို ဒေသခံ ၂ ဦးက ဖမ်းဆီးကာ ရဲလက်အပ် ပြည်တွင်းသတင်း

မင်္ဂလာတောင်ညွန့်မှာ ရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုကာ ငွေလုယူသွားသူကို ဒေသခံ ၂ ဦးက ဖမ်းဆီးကာ ရဲလက်အပ်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရွှေဆိုင်ပိုင်ရှင်ကို တူနဲ့ထုကာ ပစ္စည်းလုယူသူကို ဒေသခံပြည်သူ ၂ ဦးက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
အလှပြင်ဆိုင်မှာ မီးပြတ်ချိန် မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျော ပြည်တွင်းသတင်း

အလှပြင်ဆိုင်မှာ မီးပြတ်ချိန် မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျော

တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်ချိန် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်က အလှပြင်ဆိုင်မှာ မီးစက်နှိုးထားရာက အသက်ရှူကြပ်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မျောကာ အရေးပေါ်…

ဖတ်ရန်
အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး ပြည်တွင်းသတင်း

အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး

မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အဘိုးအဖွားတွေနဲ့ အတူနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့…

ဖတ်ရန်
သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက်ကြီပိုင်း အမျိုးသား ၁ ဦး သေဆုံး ပြည်တွင်းသတင်း

သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက်ကြီပိုင်း အမျိုးသား ၁ ဦး သေဆုံး

စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ထင်းသွားခုတ်ရင်း စက်ဒေါင့်ကြီးကျေးရွာအနီးက အုန်းခြံဝင်းအတွင်းမှာ မြေမြှုပ်မိုင်းနင်းမိတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး…

ဖတ်ရန်