အရေးပေါ်
ပြည်တွင်းသတင်း

သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

၂၀၂၆ စက်တင်ဘာ ၂၀ Myo Taw
သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

သမင်ဖြူပေါက်နေလို့ဆိုကာ အသက်ကြီးပိုင်း အမျိုးသားတဦး ရွာကနေ နှင်ထုတ်ခံရ

စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ဆောင်ဖိုးကျေးရွာမှာ ခန္တာကိုယ်အနှံ့ သမင်ဖြူပေါက်နေလို့ဆိုကာ ရွာကနှင်ထုတ်ခံရတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က ရွာလူကြီးနဲ့ ကျေးရွာဒေသခံတွေက အသက် ၇၂ အရွယ် အဖိုးအိုတဦးကို ဝိုင်းဝန်းနှင်ထုတ်ခဲ့ကြတာဖြစ်ပြီး ကျန်းမာရေးဌာနက ကူးစက်ရောဂါမဟုတ်ကြောင်း လာရောက်ရှင်းပြပေမယ့် ကျေးရွာက လက်မခံဘဲ ဝိုင်းဝန်းနှင်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေလည်း လာပြီးရှင်းပြတယ်။ သွေးစစ်တာကအစ လုပ်ပြတာကို ရွာကလက်မခံတာ။ သူတို့ကို ကူးမှာကြောက်လို့ဆိုပြီး နှင်ထုတ်တာ။ အသက်ကြီးမှ နေစရာစားစရာမရှိဘဲ တောင်ယာထဲက တဲလေးမှာ နေနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သမင်ဖြူရောဂါဟာ အရေပြားဆဲလ်တွေပျက်စီးပြီး ကိုယ်ခံအားစနစ်မူ မမှန်ရာက ဖြစ်ပေါ်လာတဲ့ လက္ခဏာတမျိုးဖြစ်ပြီး လူတဦးနဲ့တဦး ကူးစက်တဲ့ရောဂါ မဟုတ်ဘူးလို့ သိရပါတယ်။

ရွာကနှင်ထုတ်ခံရတဲ့ အဖိုးအိုဟာ လက်ရှိမှာ တောင်ယာခြံတခုထဲက တဲမှာ ခက်ခက်ခဲခဲနေထိုင်နေရပြီး မိသားစုအနေနဲ့လည်း စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်က တောင်လေးရွာမှာ ရွာထုံးတမ်းအစဥ်အလာဖောက်ဖျက်ပြီး အခြားရွာသားနဲ့ သမီးရည်းစားထားလို့ဆိုကာ ရွာလူကြီးနဲ့အဖွဲ့က အမျိုးသမီးငယ်တဦးကို ဝိုင်းဝန်းရိုက်နှက်ကာ နေအိမ်ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

နိုဝင်ဘာ ၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး ရုပ်သံ ပြည်တွင်းသတင်း

နာရေးအိမ်ကပုခက်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တဦးသေဆုံး

နာရေးအိမ်ကပုခက်မှာ ဖုန်းထိုင်သုံးနေချိန် နေရာဖယ်ခိုင်းရာက ဓားထိုးမှုဖြစ်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်တဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ ပြည်တွင်းသတင်း

ကျောင်းသားတွေကို စစ်တပ်အတွက် အသုံးချဖို့ အခြေခံပညာကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ စတင်သင်ကြားနေ

အခြေခံပညာစာသင်ကျောင်းတွေမှာ စစ်မှုထမ်းဥပဒေ အပါအဝင် ဥပဒေ အသိပညာပေးမှုတွေကို စတင်သင်ကြားနေပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ အာဏာသိမ်းအစိုးရ လက်အောက်ခံ တတိယအကြိမ်…

ဖတ်ရန်