အရေးပေါ်
ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

၂၀၂၆ နိုဝင်ဘာ ၂၅ Myo Taw
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဓမ္မာရုံအနီးက ကိုဇင်မိုးအောင် ဆိုသူဟာ လက်နက်ကိုင်ထားတဲ့ လူငယ်တစုရဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

“သူ့အိမ်ရှေ့မှာ ကားနဲ့ လာဆွဲသွားတာလို့ ကြားတယ်။ ဘယ်အဖွဲ့က ပြန်ပေးဆွဲတယ်တော့ မသိဘူး။ မြို့ပေါ်မှာက စကစဘက်က အုပ်ချုပ်တာဆိုတော့ သူတို့လူတွေပဲ ဆွဲလို့ရမှာ၊ အဆွဲခံရသူက အရပ်သား သာမာန်လူပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က အမှတ်(၁၁) ရပ်ကွက်၊ ၁၄ လမ်းမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၁ စီး၊ မနက် ၁၁ နာရီခွဲကျော်မှာ ပခုက္ကူတက္ကသိုလ်ရှေ့ စားသောက်ဆိုင်မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၁ စီးနဲ့ ညနေ ၅ နာရီကျော်မှာ ရွှေမုဋ္ဌောဘုရားရှေ့ ရပ်ထားတဲ့ အနက်ရောင်ဆိုင်ကယ် ၁ စီးတို့ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

“တရက်တည်း လူပြန်ပေးဆွဲတာနဲ့ ဆိုင်ကယ်ပျောက်တာ မြို့ပေါ်မှာတင် အမှု ၄ မှု ဖြစ်သွားတယ်။ ရဲသွားတိုင်တာ ပျောက်တဲ့ဆိုင်ကယ် အရေအတွက်ပဲ စာရင်းပြုစုပြီး ပြန်လွှတ်လိုက်တယ်။ အမှု မဖွင့်ပေးဘူး၊ စစ်ဆေးမေးမြန်းတာ မရှိဘူး။ အရင်က အခိုးခံရတဲ့ ဆိုင်ကယ်တွေလည်း တစီးမှ ပြန်မရဘူး။ ပခုက္ကူမှာက ရဲနဲ့ တပ်ကလူတွေက သူခိုးတွေနဲ့ ပေါင်းစားနေကြတယ်လို့ကို ထင်ရတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ပခုက္ကူမြို့ပေါ်မှာ မကြာခဏ ခိုးယူမှု၊ လုယက်ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ပေါ်နေပြီး ရဲစခန်းကို သွားတိုင်ပေမယ့် သတင်းပေးတိုင်တန်းချက် (FIR)အဖြစ် ချက်ချင်း အမှုဖွင့်လှစ်ပေးတာ မရှိဘဲ ပျောက်ဆုံးပစ္စည်း အချက်အလက်တွေကိုသာ အကြမ်းဖျင်း မှတ်တမ်းကောက်ယူထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်တာ တကြိမ်တခါမှ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား ရုပ်သံ ပြည်တွင်းသတင်း

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆…

ကြည့်ရန်
ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး ရုပ်သံ ပြည်တွင်းသတင်း

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
ပဒေသာပင်တင်လာတဲ့ကား၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ ပြည်တွင်းသတင်း

ပဒေသာပင်တင်လာတဲ့ကား၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှာ ဘုံကထိန်လှည့်လာတဲ့ ကား ၂ စီး တိုက်မိရာက ကထိန်လှည့်လိုက်ပါလာသူ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး မှုခင်းသတင်း

ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်