ရုပ်သံ
ပြည်တွင်းသတင်း
ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ
ပခုက္ကူက အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့အထဲ ၈ တန်းကျောင်းသား ပါဝင်နေ
အောက်တိုဘာ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို ဓားပြတိုက် အနုကြမ်းစီးသွားသူတွေထဲက ၂ ဦး ဖမ်းမိပြီး အဲ့ထဲက တဦးက ၈ တန်းကျောင်းသား ဖြစ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်က ပခုက္ကူမြို့ရှောင်လမ်းက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင်ကို လူငယ်တစု ရောက်လာပြီး ဧည့်စာရင်းစစ်မယ်လို့ဆိုကာ အနုကြမ်းစီးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
"ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာတာ၊ အိမ်ထဲရောက်တော့ ဓားရှည်နဲ့ အကုန်လုံးကို သတ်ပစ်မယ်ပြောပြီး ပိုက်ဆံတောင်းတာ၊ ပိုက်ဆံ ငွေသားမရှိရင် Kpay ပေးဆိုပြီး Kpay Password တွေပါတောင်းပြီး ဖုန်းတွေပါ ယူသွားတာ" လို့ ရဲနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ အမျိုးသမီးတဦးကို ဓားမြှောင်ပြကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေသား ၃ သိန်း လုယက်သူ ၅ ဦးကို ဖမ်းမိလို့ စစ်ဆေးရာက 'မိတ်ဆွေ' အိမ်ဆောက်ပစ္စည်းဆိုင် အနုကြမ်းစီးသူ ၂ ဦး ပါနေတာလို့ သိရပါတယ်။
"အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့ ၂ ယောက်ပါနေတာ၊ မင်းမော်ဝင်း နဲ့ ၈ တန်းကျောင်းသား တဦးကို ဖမ်းမိပြီ၊ တဦးကတော့ လွတ်နေသေးတယ်" လို့ ရဲနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ ဓားပြတိုက်လုယက်မှုတွေ မကြာခဏဖြစ်နေတာကြောင့် ငွေကြေးချမ်းသာတဲ့ လူတချို့ဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြို့ကြီးတွေမှာ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ပြည်တွင်းသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပြည်တွင်းသတင်း
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…