အရေးပေါ်
ပြည်တွင်းသတင်း

အဆိုတော် ကိုင်ဇာ အဆုတ်ထဲ ပိုးဝင်လို့ ဆေးကုသရင်း ကွယ်လွန်

၂၀၂၆ သြဂုတ် ၂၃ Myo Taw
အဆိုတော် ကိုင်ဇာ အဆုတ်ထဲ ပိုးဝင်လို့ ဆေးကုသရင်း ကွယ်လွန်

ကိုယ်ပိုင်သံစဉ်တေးသီချင်းတွေနဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကိုင်ဇာ ဩဂုတ်လ၂၂ ရက် မနေ့က ည ၇ နာရီခန့်က ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် ကိုင်ဇာ (ခ) ဦးညီညီဝင်း ဟာ အဆုတ်ထဲပိုးဝင်တဲ့ ရောဂါကြောင့် ဝိတိုရိယဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရင်း ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

"ဆုတောင်းမပြည့်ခဲ့ပါဘူး၊ ချစ်သူငယ်ချင်း ကိုညီ ယခုည (၂၂.၈.၂၀၂၆) ၀၇၀၀ နာရီ အချိန်မှာ ဝိတိုရိယ ဆေးရုံမှာ ဘဝတပါးသို့ ကူးပြောင်းသွားပြီ ဖြစ်ကြောင်း သိရှိရပါတယ်၊ သင်္ဂြိုဟ်မည့်ရက်ကို ထပ်မံတင်ပြပါ့မယ်" လို့ အဆိုတော်ကိုင်ဇာရဲ့ မိတ်ဆွေတဦးက လူမှုကွန်ရက်ပေါ်မှာ အသိပေးထားပါတယ်။

အဆိုတော်ကိုင်ဇာဟာ ၁၉၇၇ ခုနှစ်မှာ 'အကျည်းတန်ရဲ့အထီးကျန်' အတ္ထုပ္ပတ္တိတေးစီးရီးနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနမ်းပန်း၊ သီချင်းရှင်ကို ကြင်နာပါ၊ တူနှစ်ကိုယ်တိုင်းပြည်၊ အင်းလေးမှာရွာတဲ့မိုး၊ မိမိုးကို စတဲ့သီချင်းတွေနဲ့ နာမည်ကျော်ကြား လူသိများခဲ့တာလည်း ဖြစ်ပါတယ်။

တေးရေး၊ တေးဆို၊ အဆိုတော် ကိုင်ဇာ ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ ပြည်တွင်းသတင်း

မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ

မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…

ဖတ်ရန်