ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရွှေကူ - ဗန်းမော်အတွက် စစ်ကူလာတဲ့ အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့တွေက ကျောက်မြောင်း - သပိတ်ကျင်းမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့က အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုဟာ ကျောက်မြောင်း - သပိတ်ကျင်းမြို့ ကြားကို ဖြတ်သန်းနေချိန်မှာ တော်လှန်ရေးတပ်တွေက FPV အပါအဝင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မနေ့က သုံးနေရာ ထိတွေ့မှု ဖြစ်တယ်။ စစ်တပ်ဘက်က အထိနာတယ်။ အကြီးအကဲ အဆင့်ရှိသူတွေ သေတာထိ ရှိတယ်လို့ သတင်းရထားတယ်။ အတည်တော့ မပြုနိုင်သေးပေမဲ့ ဖြစ်နိုင်ချေများတယ်” လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်အုပ်စုဟာ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေးမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့မှာ တကောင်းမြို့ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရွှေကူမြို့နှင့် ဗန်းမော်မြို့ကို အာဏာသိမ်း စစ်တပ်က KIA ပူးပေါင်း PDF တပ်တွေရဲ့ ထိန်းချုပ်မှုမခံရအောင် လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း အာဏာသိမ်း စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပြည်တွင်းသတင်း
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…