အရေးပေါ်
ပြည်တွင်းသတင်း

စစ်ကိုင်းအနီးကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄.၁ အဆင့် ငလျင် ထပ်မံလှုပ်ခတ်ခဲ့လို့ မန္တလေးနဲ့ အနီးတဝိုက်က ဒေသခံတွေ စိုးရိမ်နေ

၂၀၂၆ နိုဝင်ဘာ ၂၅ Myo Taw
စစ်ကိုင်းအနီးကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄.၁ အဆင့် ငလျင် ထပ်မံလှုပ်ခတ်ခဲ့လို့ မန္တလေးနဲ့ အနီးတဝိုက်က ဒေသခံတွေ စိုးရိမ်နေ

စစ်ကိုင်းအနီးကို ဗဟိုပြုပြီး မဂ္ဂနီကျု ၄.၁ အဆင့် ငလျင် ထပ်မံလှုပ်ခတ်ခဲ့လို့ မန္တလေးနဲ့ အနီးတဝိုက်က ဒေသခံတွေ စိုးရိမ်နေ

နိုဝင်ဘာ ၂၅

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းမြို့အနီးမှာ ဒီနေ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက မဂ္ဂနီကျု ၄.၁ အဆင့်ရှိ ငလျင်တခု ထပ်မံဗဟိုပြု လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာ ပြင်းထန်စွာ ခံစားခဲ့ရပြီး အရင်ငလျင်ကြီးနဲ့ နေရာရော မြေအောက်အနက်ပါ တူညီနေတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ၃ မိနစ်မှာ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက် ၅ မိုင်ဝန်းကျင်အကွာ၊ ရေခါးအင်းအနီးရှိ စကျင်ရွာကို ဗဟိုပြုကာ မြေအောက်အနက် ၆ မိုင်ခန့်မှာ မဂ္ဂနီကျု ၄.၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အခုငလျင်ဟာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး ဗဟိုပြုခဲ့တဲ့ စစ်ကိုင်းဒေသအနီးမှာပဲ ထပ်မံလှုပ်ခတ်ခဲ့တာဖြစ် လှုပ်ခတ်တဲ့ မြေအောက်အနက်လည်း ၆ မိုင်ခန့်တူညီနေတာကြောင့် အရင်ငလျင်ကြီးရဲ့ နောက်ဆက်တွဲလှုပ်ခတ်မှုတွေနဲ့ ဆက်စပ်မှုရှိ၊ မရှိ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“အခုငလျင်လှုပ်ခတ်မှုမှာ ရုတ်တရက် ဆောင့်ခါပြီး ဆွဲခါသလိုကို ခံစားခဲ့ရတာ။ ၂၀၂၅ ငလျင်ကြီး လှုပ်ခဲ့တဲ့နေရာနဲ့ နီးသလိုပဲ။ အနက် ၆ မိုင်လည်း တူတယ်။ ဆောင့်ခါတာလည်း အတန်အသင့်ပြင်းတယ်၊ သတိထားဖို့လိုတယ်။ ထပ်မလှုပ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်” လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကို မန္တလေးတိုင်းအတွင်းရှိ မြစ်ငယ်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်နဲ့ တံတားဦးမြို့နယ်တို့မှာလည်း သိသိသာသာခံစားခဲ့ရပြီး အချို့ဒေသခံတွေ ငလျင် လှုပ်ခတ်တဲ့အသံနဲ့အတူ အဆောက်အအုံတုန်ခါမှုတွေကြောင့် နေအိမ်တွေထဲက ပြေးထွက်ခဲ့ကြရတယ်လို့ သိရပါတယ်။

“မြစ်ငယ်မှာတော့ အရမ်းပြင်းတယ်။ အရမ်းကြမ်းလို့ နောက်တကြိမ် ထပ်လာမှာစိုးတာနဲ့ အပြင်ကို ပြေးထွက်ခဲ့ရတယ်။ ငလျင်လှုပ်ခတ်စဉ် အသံပါကြားရပြီး နှစ်ချက်ဆက်တိုက် လှုပ်ခတ်တာကို သိသိသာသာ ခံစားခဲ့ရတယ်” လို့ မြစ်ငယ်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊ မရှိနဲ့ နောက်ဆက် တွဲငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိ၊ မရှိကိုတော့ သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်ချက်တွေကို ဆက်လက်စောင့်ကြည့်နေရတယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် မဂ္ဂနီကျု ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ရာ စစ်ကိုင်း၊ မန္တလေးနဲ့ အခြားဒေသတွေမှာ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ အဆောက်အအုံပျက်စီးမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

အခုငလျင်ဟာ အရင်ငလျင်ကြီး ဗဟိုပြုခဲ့တဲ့ ဒေသအနီးမှာ ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပေမယ့် ဒီအချက်တခုတည်းနဲ့ ငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင် ဒါမှမဟုတ် ပိုမိုပြင်းထန်တဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ကောက်ချက်ချလို့ မရသေးသလို ငလျင်အန္တရာယ်ကို ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သတိရှိဖို့၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ မြေငလျင်လေ့လာသူတွေက သတိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို ပြည်တွင်းသတင်း

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို

နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း တခုထက်ပိုမို ကိုင်ဆောင်ထားသူ‌တွေအနေနဲ့ ပယ်ဖျက်လိုတဲ့ ကတ်ပြားနဲ့ စာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက)…

ဖတ်ရန်
မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား ရုပ်သံ ပြည်တွင်းသတင်း

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆…

ကြည့်ရန်
ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး ရုပ်သံ ပြည်တွင်းသတင်း

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်