အရေးပေါ်
ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

၂၀၂၆ နိုဝင်ဘာ ၁၃ Myo Taw
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ ဝန်းကျင်က လပွတ္တာမြို့နယ်၊ ၃ မိုင် မြို့သစ်အောင်ချမ်းသာ(၄)ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်စည်သူ(ခ)မိုးသက်ဆိုသူကို Moe That အမည်နဲ့ TikTok အကောင့်ကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ရည်ရွယ်ကာ ဆီတန်းဆီနေသူတွေရဲ့ ရုပ်သံကို လူမှုကွန်ရက် TikTok စာမျက်နှာပေါ်တင်ခဲ့လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

"သူနောက်ဆုံးတင်တဲ့ ဗီဒီယို ၃ ခုအထဲမှာ ဆီတန်းနေတဲ့ ဗီဒီယို ၂ ခု တင်ထားတာတွေ့တယ်၊ အဲ့ထဲမှာ တခုက 'မြန်မာနိုင်ငံ ဆီဆိုင်များရယ် အလွန်ကိုပေါများတယ်၊ ဆိုင်များပြီး ဓာတ်ဆီဒီဇယ် အလုံအလောက် မပေးကြတယ်၊ စစ်သားနဲ့ အာဏာရှင်အတွက် ဓါတ်ဆီပေးလို့ချန်' ဆိုတဲ့ စာသားပါတဲ့ သီချင်းနဲ့ တင်လိုက်မိတာတခုပဲရှိတယ်၊ အဲ့တာနဲ့ စွဲချက်တင်တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မတရားဖမ်းဆီးခံရတဲ့ ကိုအောင်စည်သူ(ခ)မိုးသက်ဆိုသူကို (၃)မိုင်နယ်မြေရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ Afternoon NEWS

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ ပြည်တွင်းသတင်း

ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ရဲအရာရှိ ၁ ဦးရဲ့ နေအိမ်ပေါ်မှာ လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းမှာ သွားတိုင်ပေမယ့် အရေးမယူပေးလို့ TikTok…

ဖတ်ရန်