အရေးပေါ်
ပြည်တွင်းသတင်း

အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်ခဲ့သူကို သေဒဏ်ပေး

၂၀၂၆ သြဂုတ် ၃၁ Myo Taw
အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်ခဲ့သူကို သေဒဏ်ပေး

အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်ခဲ့သူကို သေဒဏ်ပေး

ဩဂုတ် ၃၁

အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲ တော်စပ်သူ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးလိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ စိုင်းဆာစံ ဆိုသူဟာ အသက် ၁၄ နှစ်အရွယ်ရှိ ညီမဝမ်းကွဲတော်စပ်သူကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က စိုင်းဆာစံ ဟာ တရွာတည်းနေ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၄ နှစ်အရွယ်ရှိ နန်းစံဟွမ် ကို အလုပ်ရှာပေးမယ်လို့ အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ဌက်ပျောစိုက်ခင်း တနေရာမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်ပြီးနောက် အလောင်းကို ငှက်ပျောပင် ငှက်ပျောရွက်တွေနှင့် ဖုံးအုပ်ကာ အလောင်းကို ဖျောက်ထားခဲ့တယ်လို့ သိရပါတယ်။

မိဘတွေက ဇွန်လ ၂၅ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA ထံသို့ လာရောက်တိုင်ကြားခဲ့တာကြောင့် တာဝန်ရှိသူတွေက ချက်ချင်းစုံစမ်းဖော်ထုတ်ခဲ့ရာ တိုင်ကြားတဲ့ နေ့မှာပင် ပြစ်မှုကျူးလွန်သူ စိုင်းဆာစံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံ စိုင်းဆာစံ ကို SSPP/SSA ဗဟိုဌာနချုပ် အထက်တရားရုံးက စစ်ဆေးစီရင်ပြီးနောက် ဩဂုတ်လ ၃၀ ရက် မနေ့က နေ့လယ် ၂ နာရီမှာ သေဒဏ်စီရင် လိုက်တယ်လို့ သိရပါတယ်။

မြို့တော် News Channe

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

ဘားအံမြို့ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ ပြည်တွင်းသတင်း

နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံမှာ ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ရေပိုလွှဲမှ…

ဖတ်ရန်
၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး ပြည်တွင်းသတင်း

၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကို ကိုးကန့်တပ် MNDAA…

ဖတ်ရန်
ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဩဂုတ် ၃၀ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်