အရေးပေါ်
ပြည်တွင်းသတင်း

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

၂၀၂၆ အောက်တိုဘာ ၁၀ Myo Taw
အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

အောက်တိုဘာ ၁၀

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က နေအိမ်တစ်အိမ်ပေါ်ကို ခွေးတကောင် တက်လာခဲ့တာကြောင့် အိမ်ပိုင်ရှင်က လောက်လေးခွနဲ့ ပစ်ခတ်ခဲ့ရာ ခွေးပိုင်ရှင်က မကျေနပ်တာကြောင့် ကမာကလုတ်ရဲစခန်းက နယ်ထိန်းကို ငွေပေးပြီး ဖမ်းဆီးခိုင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"ခွေးပိုင်ရှင်က ရဲကိုတိုင်တော့ ရဲကဖမ်းသွားပြီး စခန်းထဲမှာ ဝိုင်းရိုက်ကြတာ။ ဦးခေါင်း၊ ကျောနဲ့ ခန္ဓာကိုယ်အနှံ့ တကိုယ်လုံး ဒဏ်ရာတွေ ချည်းပဲ။ အဆုတ်လည်း ထိသွားတယ် ပြောတယ်။ သတိလစ်သွားတော့ ပါးစပ်ကထွက်တဲ့ သွေးတွေကို ရေနဲ့ဆေးချပြီး မင်္ဂလွန်း ဆေးရုံကို တင်လိုက်ကြတယ်။ ဆေးရုံတင်တာ မိသားစုကို အကြောင်းမကြားဘူး။ သတင်းကြားပြီး ဆေးရုံကို လိုက်သွားကြမှ သိကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မင်္ဂလွန်းဆေးရုံမှာ သတိပြန်မရလာတာကြောင့် ကျောက်တန်းမြို့နယ်ဆေးရုံကို ထပ်မံပြောင်းရွှေ့ ကုသခဲ့ပေမယ့် အောက်တိုဘာလ ၇ ရက် ည ၇ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

"ရိုက်ထားတဲ့ ဒဏ်ရာက ပြင်းတယ်၊ လူအသတ်ပါ သေအောင် လုပ်ရက်ကြတယ်၊ သူတိုကျတော့ ထောင်ကျမှာစိုးလို မိသားစုကို အမှုပိတ်ဖို့ ငွေနဲ့လာညှိတယ်၊ စခန်းမှူးကလည်း အထက်ကိုငွေပေးပြီး ပြစ်ဒဏ်မကျဖို့ လုပ်နေတယ်" လို့ ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျောက်တန်းရဲစခန်းဘက်က မိသားစုကို ငွေကျပ်သိန်း ၇၀ နဲ့ ညှိနှိုင်းခဲ့တယ်လို့ သိရပြီး ကျူးလွန်ခဲ့တဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သားတွေ အပြစ်ဒဏ် လျော့ပေါ့ရေးအတွက် အာဏာသိမ်းစစ်တပ် အကြီးပိုင်းတွေကို ရဲစခန်းက လာဘ်ထိုးနေကြတယ်လို့သိရကာ ကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မမြ ဆည်တာဘောင် အိကျလို့ ဆည်အောက်က ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ချောင်းထဲကို ဆည်ရေလွှတ်နေ ပြည်တွင်းသတင်း

မမြ ဆည်တာဘောင် အိကျလို့ ဆည်အောက်က ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ချောင်းထဲကို ဆည်ရေလွှတ်နေ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက မမြဆည်ရဲ့ ဆည်ထိန်းတာဘောင် အိကျခဲ့လို့ အနီးဝန်းကျင်က ကျေးရွာတွေ ညတွင်းချင်း ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
နားမခေါ်ရွာအနီး စစ်တပ်ဂိတ်က ကားတစီး ကျပ် ၂ သိန်းစီတောင်းနေလို့ ခရီးသွားကားတွေ အခက်တွေ့နေတယ်လို့ဆို ပြည်တွင်းသတင်း

နားမခေါ်ရွာအနီး စစ်တပ်ဂိတ်က ကားတစီး ကျပ် ၂ သိန်းစီတောင်းနေလို့ ခရီးသွားကားတွေ အခက်တွေ့နေတယ်လို့ဆို

ရှမ်းပြည်နယ်၊ သီပေါ-မိုင်းကိုင်လမ်းမပေါ်က နားမခေါ်ရွာအနီး စစ်ဆေးရေးဂိတ်မှာ အိမ်စီးကားတွေနဲ့ ကုန်ကားတွေကို စစ်ဆေးရေးဂိတ်ဖြတ်ခ သိန်းချီတောင်းနေတာကြောင့် ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေအဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grab Food ပို့ခတွေ ထက်ဝက်နီးပါးခန့် လျှော့ချလိုက်တာကြောင့် Rider တွေ အခက်အခဲကြုံတွေ့နေရ ပြည်တွင်းသတင်း

Grab Food ပို့ခတွေ ထက်ဝက်နီးပါးခန့် လျှော့ချလိုက်တာကြောင့် Rider တွေ အခက်အခဲကြုံတွေ့နေရ

ရန်ကုန်မြို့တွင်းရှိ Grab Food Rider တွေရဲ့ အစားအသောက် ပို့ဆောင်ခ (Deli ခ) တွေကို အောက်တိုဘာလ ၉ ရက် ညနေ…

ဖတ်ရန်