အရေးပေါ်
ပြည်တွင်းသတင်း

ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး

၂၀၂၆ အောက်တိုဘာ ၃ Myo Taw
ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး

ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တပ်မ(၄၄)က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး သေဆုံး

အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်မ(၄၄)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ(၄၄)က ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဇီးကုန်းရွာက ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ မဲရုံကြီးရွာက ဒေသခံအမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

"ဇီးကုန်းရွာက အသက် ၃ နှစ်ကလေးက လက်နက်ကြီးစ ထိမှန်ပြီး သေတယ်။ မဲရုံကြီးရွာသုသာန်ကို ကျတဲ့ကျည်ပေါက်ကွဲတဲ့အစက အမျိုးသား ၁ ဦးကို ထိပြီး ဒဏ်ရာရသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေဖြစ်တဲ့ ကျောက်ဖျာ၊ ဝင်းကံ၊ ခရွဲ၊ ငှက်ပျောတော စတဲ့ကျေးရွာအုပ်စုတွေကို စက်တင်ဘာ လကုန်ပိုင်းလောက်က စတင်ကာ အကြောင်းပြချက်မရှိဘဲ လက်နက်ကြီး အပါအဝင် ဒရုန်းတွေနဲ့ပါ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း တပ်မ(၄၄)က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာက ရာဘာခြံလုပ်သား ၁ ဦး သေဆုံးခဲ့ကာ ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး ပြည်တွင်းသတင်း

နမ့်ဆန်မြို့က တောင်တက်လမ်းမှာ ခရီးသည်တင်ကား နောက်ပြန်လိမ့်ကျလို့ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ ပြည်တွင်းသတင်း

ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဆက်တိုက်ဖြစ်ပွားနေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေအပြင်…

ဖတ်ရန်
အိမ်ဖောက်ထွင်းပြီး စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကို အတင်းဖက်နမ်းသူ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

အိမ်ဖောက်ထွင်းပြီး စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမကို အတင်းဖက်နမ်းသူ ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ နေအိမ်ဖောက်ထွင်းခိုးယူသူက အနီးနားရှိ စတိုးဆိုင်မှာ ဈေးဝယ်နေတဲ့ ဆရာမတဦးကိုပါ ကာယအိန္ဒြေပျက်အောင် ထိပါးနှောင့်ယှက်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်