ရုပ်သံ
ပြည်တွင်းသတင်း
"လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" လို့ လူသတ်သမား မင်းအောင်လှိုင် ပြောဆို
"လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" လို့ လူသတ်သမား မင်းအောင်လှိုင် ပြောဆို
အောက်တိုဘာ ၁၃
ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်း စင်တာမှာ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)တွေနှင့် သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) တွေကို နိုင်ငံဝန်ထမ်း ပြန်တမ်းဝင် အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။
အမှာစကားပြောကြားရာမှာ ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ နေနိုင်ရေးအတွက် "လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ" ဆိုသည့် မူဝါဒနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ပြောဆိုချက်အပေါ် ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးက "တကယ်တော့ သူပြောတဲ့ 'လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး' ဆိုတဲ့ စကားက တော်တော်လေးကို ရယ်စရာကောင်းနေပါတယ်။ နေ့တိုင်းလိုလို ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတာ၊ ရွာတွေကို မီးရှို့ပြီး အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ ဘယ်သူတွေလဲ။ အသက်ကို ကယ်ရမယ့် ဆရာဝန်တွေကိုယ်တိုင် ဖမ်းဆီးထောင်ချခံရ၊ သတ်ဖြတ်ခံနေရတာတွေကရော ဘယ်သူ့လက်ချက်တွေလဲ။ သူတို့ပါးစပ်က ဒီလိုစကားမျိုး ထွက်လာတာက လုံးဝကို အရှက်မဲ့လွန်းပါတယ်" လို့ မြို့တော်ကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်အစိုးရရဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ ၂၀၀၀ ပြည့်နှစ်မှာ စုစုပေါင်း အစိုးရအသုံးစရိတ်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပေမယ့် ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၃၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ပေးထားပြီး ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေတွေကို နှစ်စဉ်တိုးမြှင့် ချထားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
"သူ ဘာလို့ ၂၀၀၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ပြီး တွက်ပြနေလဲတော့ မသိဘူး။ တကယ်ဆိုရင် အနီးစပ်ဆုံးဖြစ်တဲ့ ၂၀၁၅ -၂၀၂၀ ခုနှစ် ပြည်သူ့အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်တွက်ပြရမှာ။ အဲလိုမဟုတ်ရင်တောင် သူဘာသာ သမ္မတခန့်ပြီး ဇွတ်အုပ်ချုပ်ခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ပြောရင်တောင် တမျိုးပေါ့။ အခုဟာက လွန်ခဲ့တဲ့ ၂၆ နှစ်က အခြေအနေနဲ့ လက်ရှိအချိန်ကို နှိုင်းယှဉ်ပြီး တွက်ပြနေတယ်။ ပြီးတော့ တကယ်ပဲ ပြည်သူတွေအတွက် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပြီး ထိထိရောက်ရောက် လုပ်ပေးနေတာမျိုးလည်း မြေပြင်မှာ ဘာမှမတွေ့ရဘူး" လို့ CDM ဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က "ဆေးရုံရှိရင် ဆရာဝန်ရှိရမယ်" ဆိုတဲ့ ရည်မှန်းချက်ကို အလေးထားပြီး မြို့ပြနှင့် ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုရအောင် လုပ်ပေးနေတယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်မြေပြင်မှာတော့ လုံးဝကို ပြောင်းပြန်ဖြစ်နေပြီး အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုပါ နေ့စဉ်ရက်ဆက်ဆိုသလို ပစ်မှတ်ထားပြီး လေကြောင်းကနေ ရမ်းသန်း ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (2)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ပြည်တွင်းသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…
ပြည်တွင်းသတင်း
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ပြည်တွင်းသတင်း
မကွေးသင်ကြားရေးဆေးရုံမှာ သတ်မှတ်ဆေးဆိုင်က ဆေးမဝယ်ရင် ဆေးမကုပေးဘူးလို့ ခြိမ်းခြောက်မှုတွေရှိနေ
မကွေးမြို့၊ ဆေးတက္ကသိုလ်(မကွေး) နားမှာရှိတဲ့ သင်ကြားရေးဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီးနဲ့ သူနာပြုတွေက သူတို့သတ်မှတ်ထားတဲ့ ဆေးဆိုင်က ဆေးပစ္စည်းတွေကိုပဲ လူနာတွေကို ဈေးအဆမတန်နဲ့ ဝယ်ခိုင်းနေပြီး အဲ့ဒီဆိုင်က ဝယ်လာတဲ့…