အရေးပေါ်
ပြည်တွင်းသတင်း

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို လက်တွေ့ရလဒ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း တောင်းဆို

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို လက်တွေ့ရလဒ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း တောင်းဆို

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို လက်တွေ့ရလဒ်ပြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း တောင်းဆို

အောက်တိုဘာ ၁၇

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို လက်တွေ့ရလဒ်တွေနဲ့ သက်သေပြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ရဖို့၊ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ၎င်းတို့ကိုယ်တိုင် တောင်းဆိုခဲ့ကြပေမယ့် မင်းအောင်လှိုင်က ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲလို့ ကိုထိန်လင်းက ထောက်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သလို အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ကာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ ဖုံးကွယ်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ကိုထိန်လင်းက ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေကတဆင့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရရှိနိုင်တယ်လို့ ယုံကြည်ပါက ပထမဆုံးခြေလှမ်းအဖြစ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန်နှင့် ၎င်းကို လက်တွေ့ရလဒ်ဖြင့် သက်သေပြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကော်ဇောနီခင်းပြီး ကြိုဆိုခြင်းနှင့် လက်ဆွဲနှုတ်ဆက်ခြင်းတွေဟာ စစ်မှန်တဲ့ တိုးတက်မှုမဟုတ်ဘဲ မြေပြင်လက်တွေ့ လုပ်ဆောင်ချက်တွေကသာ တိုးတက်မှုဖြစ်ကြောင်း၊ အာဏသိမ်းစစ်အစိုးရဘက်က တာဝန်ခံမှု၊ တာဝန်ယူမှု မရှိပါက တရားဝင်မှု လုံးဝ မပေးအပ်သင့်ကြောင်းလည်း ကိုထိန်လင်းက သတိပေး တိုက်တွန်းထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ ပြည်တွင်းသတင်း

လက်ပံတန်းမှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မသင်္ကာဖွယ် ပျံလွန်တော်မူ

ပဲခူးတိုင်း အနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်း တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဟာ နားနေခန်းထဲ ကြိုးဆွဲချ အနေအထားနဲ့ ရုတ်တရက် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက် ပြည်တွင်းသတင်း

KTV က ကောင်မလေး တင်လာတဲ့ တိုင်းသမညွှန်မှူး မူးပြီး ဓာတ်တိုင်ကို ကားနဲ့ ဝင်တိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မြို့မရဲစခန်းရှေ့က ဓာတ်တိုင်ကို တိုင်းသမညွှန်မှူးရဲ့ ကားက ဝင်တိုက်ခဲ့ပြီး ကားထဲမှာ KTV က အမျိုးသမီးနဲ့ တိုင်းသမညွှန်မှူးတို့ကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို ပြည်တွင်းသတင်း

ရွှေစင်စင်္ကြာ ခရီးသည်တင်ကားက PDF တပ်ဖွဲ့ဝင်တွေစီးလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လို့ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ဆို

ရေး-သံဖြူဇရပ် ကားလမ်းမပေါ်မှာ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဥ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကို လမ်းပြောင်းပြန်မောင်းကာ ဝင်တိုက်မိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို ပြည်တွင်းသတင်း

ကျိုက်ထိုမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရပြီး ရွှေ ၃ ကျပ်သား ပါသွားတယ်လို့ဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနဲ့ ဘိုရားကြီးကျေးရွာကြားမှာ အမျိုးသမီး ၂ ဦး သေနတ်ပြ လုယက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်