၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို MNDAA ထပ်မံပြန်လွှတ်ပေး
သြဂုတ် ၃၁
ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင် ၁၀၀ ကျော် ကို ကိုးကန့်တပ် MNDAA က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က MNDAA နဲ့ အာဏာသိမ်း စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံးပြီးနောက်ပိုင်းမှာ MNDAA ဘက်က ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို လစဥ် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁၀၂ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
"လားရှိုး ကို ပြန်ရောက်လာတဲ့ သူတွေ ရှိတယ်။ တချို့ကို တပ်မတော်ဆေးရုံမှာ ဆေးကုပေးနေတယ်။ လတိုင်း လွှတ်ပေးတယ်။ တချို့ပျောက်နေတဲ့သူတွေ အဆက်အသွယ် မရတဲ့ သူတွေလည်း ရှိတယ်၊ တချို့ကတော့ အိမ်နဲ့ အဆက်သွယ် ရကြတယ်၊ ဇွန်လ တုန်းကလည်း ၂၀၀ ကျော် ပြန်လွှတ်ပေးတယ်။ တွေ့ဆုံပွဲပြီးကတည်းက လစဉ်လတိုင်း ပြန်လွှတ်ပေးနေတာ။ အဖမ်းခံထားရသူ ထောင်ကျော် ရှိတယ်လို့ ကြားတယ်" လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
MNDAA က ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးမြိုကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၆ ထောင်ကျော် ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပြီး အဲ့ဒီထဲက ၅ ထောင်ကျော် ပြန်လွှတ်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အဆက်သွယ် မရတော့ဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြို့တော် News Channel