အရေးပေါ်
ပြည်တွင်းသတင်း

မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ

၂၀၂၆ ဇူလိုင် ၃ Myo Taw

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးဟာ

မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ

မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ

ဇူလိုင် ၃

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးဟာ မိခင်ရည်းစားရဲ့ လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်မှုကို ခံခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

မိခင်ကိုယ်တိုင်က ခွင့်ပြုမှုကြောင့် အသက် (၁၃) နှစ် အရွယ်သာ ရှိသေးတဲ့ ဗီယိုလာ-Viola (အမည်လွှဲ) နှင့် အသက် (၈) နှစ် အရွယ်သာ ရှိသေးတဲ့ ဂလိုရီယာ-Gloria (အမည်လွှဲ) တို့ နှစ်ဦးဟာ မိခင်ရဲ့ ရည်းစားဖြစ်သူ အသက် (၅၀) နှစ် အရွယ်ရှိ ဦးဝင်းဗိုလ် ဆိုသူရဲ့ လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုကို အကြိမ်ကြိမ် ခံခဲ့ရတယ်လို့ သိရပါတယ်။

ဗီယိုလာ-Viola (အမည်လွှဲ)ဟာ သူမရဲ့ မိခင်ဖြစ်သူ နေထိုင်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက် နေအိမ်မှာရှိနေစဉ် ဦးဝင်းဗိုလ်ဟာ သူမနှင့် အတူအိပ်ရန် မိခင်ဖြစ်သူထံ ခွင့်တောင်းခဲ့ရာ မိခင်ဖြစ်သူမှ "နေပေးလိုက်" လို့ ပြောခဲ့တာကြောင့် အဲ့ဒီညမှာ ဦးဝင်းဗိုလ်နှင့် အတူအိပ်ပေးခဲ့ရသလို နောက်နှစ်ရက်ခန့် အကြာမှာလည်း လိင်ပိုင်းဆိုင်ရာ ထပ်မံကျူးလွန် ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးဝင်းဗိုလ်ဟာ သားအမိ ၃ ယောက်လုံးကို မိတ္ထီလာမြို့ ကန်လင်းသစ် တည်းခိုခန်းသို့ ခေါ်ခဲ့ပြီး ၄ ရက်ခန့် တစ်ကြိမ်၊ ၁၀ ရက်ခန့် တစ်ကြိမ် နှစ်ခါသွားရောက်ခဲ့ရကာ လိင်ပိုင်းဆိုင်ရာ ထပ်မံကျူးလွန်ခံခဲ့သလို တပ်ကုန်းမြို့ ရဲတံခွန်(၂) တည်းခိုခန်းမှာလည်း ၅ ရက်ခန့် တစ်ကြိမ်၊ သီတင်းကျွတ် ကျောင်း(၁၀)ရက် ပိတ်ရက်မှာ တစ်ကြိမ် နှစ်ခါသွားခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ကျူးလွန်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဂလိုရီယာ-Gloria (အမည်လွှဲ)ကိုလည်း တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်မှာ လည်းကောင်း၊ မိတ္ထီလာမြို့ ကန်လင်းသစ် တည်းခိုခန်းမှာလည်း ဖုန်းကြည့်နေစဉ် ဦးဝင်းဗိုလ်က ပုဆိုးနဲ့ လက်နှစ်ဖက်ကိုချည်နှောင်ပြီး ပါးစပ်ကိုလည်း အင်္ကျီဖြင့် ပိတ်စို့ကာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သလို တပ်ကုန်းမြို့ ရဲတံခွန်(၂) တည်းခိုခန်းမှာလည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝင်းဗိုလ်ဟာ ညီမနှစ်ယောက်လုံးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စဉ်အတွင်းမှာ "နင်တို့ အမေ သေရင် ညီမနှစ်ယောက်လုံးကို လင်မယားလုပ်ပစ်မယ်" လို့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိခဲ့သလို မိခင်ဖြစ်သူကိုယ်တိုင်ကလည်း ရိုက်နှက်ပြီး အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်ကို အိမ်နီးနားချင်းမှ သတင်းပေးအကူအညီတောင်းခံမှုကြောင့် နေပြည်တော် ပုဗ္ဗသီရိမြို့၊ ဇဝနဒီပရပ်ကွက်နေ ဒေါ်ယမင်းအေး (နေပြည်တော် အမျိုးသမီးရေးရာ)က သိရှိပြီး ကလေးငယ်များကို ထိန်းသိမ်းထားကာ မိခင်ဖြစ်သူကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှတဆင့် ဆင့်ခေါ်ပြီး အသိပေးခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူရဲ့ ထွက်ဆိုချက်အရ တပ်ကုန်းမြို့ရှိ ရဲတံခွန်(၂)တည်းခိုခန်းမှာ နှစ်ရက်ကျော်ခန့် တည်းခိုခဲ့ပြီး ဦးဝင်းဗိုလ်နှင့် တွေ့ဆုံခဲ့ကြပေမယ့် သမီးနှစ်ယောက်ဟာ သူမရဲ့ မျက်စိအောက်မှာပဲ အမြဲရှိနေခဲ့ကြောင်းနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ပြဿနာတွေ မရှိခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ ဦးဝင်းဗိုလ်ကို နေပြည်တော် အမျိုးသမီးရေးရာမှ ဒေါ်ယမင်းအေး က တပ်ကုန်း မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူ ဦးဝင်းဗိုလ်ဟာ အမှုဖွင့်ထားမှုကို သိရှိပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ရှမ်းပြည်နယ်၊ ရွှေညောင်ဘက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နစ်နာသူ ဗီယိုလာ နှင့် ဂလိုရီယာ တို့ရဲ့ မိခင်ဟာ ယခင်ကလည်း အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးပြီး ပထမအိမ်ထောင်နဲ့ ဗီယိုလာ ကို ရရှိခဲ့သလို ဒုတိယ အိမ်ထောင်နဲ့ ဂလိုရီယာ ကို ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗီယိုလာ နှင့် ဂလိုရီယာ တို့ရဲ့ မိခင်ဟာ သူမရဲ့ ရည်းစား ပြစ်မှုကျူးလွန်သူ ဦးဝင်းဗိုလ် အချုပ်နှောင်ထဲ ရောက်ရှိနေစဉ် လာရောက်တွေ့ဆုံခဲ့ပေမဲ့ လက်ရှိမှာတော့ သူမကိုပါ အမှုဖွင့်ထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့
VIDEO ပြည်တွင်းသတင်း

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
အောင်မြေသစ် အထက်တန်းကျောင်းအုပ်ရဲ့သား ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရပြီး ကျောင်းလည်း ရာသက်ပန်ပိတ်သိမ်းခံရ
VIDEO ပြည်တွင်းသတင်း

အောင်မြေသစ် အထက်တန်းကျောင်းအုပ်ရဲ့သား ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရပြီး ကျောင်းလည်း ရာသက်ပန်ပိတ်သိမ်းခံရ

အောင်မြေသစ် အထက်တန်းကျောင်းအုပ်ရဲ့သား ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရပြီး ကျောင်းလည်း ရာသက်ပန်ပိတ်သိမ်းခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်