အရေးပေါ်
ပြည်တွင်းသတင်း

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

၂၀၂၆ ဇူလိုင် ၈ Myo Taw
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ညက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကျောင်းဆရာမ ဇနီးမောင်နှံ ၂ ဦး အိပ်နေချိန် နေအိမ်ကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦး ရောက်လာကာ အမျိုးသမီးဖြစ်သူကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ ကျောင်းဆရာမကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်နေချိန်မှာ ယောက်ျားဖြစ်သူက ထွက်ပြေးပြီး အင်းတော်မြို့ရှိ အာဏာသိမ်းစစ်အုပ်စုမှ စစ်ကြောင်းမှူး ဗိုလ်ကြီးအောင်ကိုဝင်းရဲ့ ဖခင်ဖြစ်သူ ဦးဝင်းအောင်ထံ သွားရောက် အကူညီတောင်းခံခဲ့ပေမယ့် ကူညီမှုမပေးခဲ့ဘူးလို့ သိရပါတယ်။

“သူ့မိန်းမ ကျောင်းဆရာမကို စစ်သား ၅ ယောက်က လိင်ပိုင်းဆိုင်ရာကျင့်နေတဲ့အချိန် သူတို့တပ်ထဲက စစ်ကြောင်းမှူးရဲ့ အဖေကို သွားပြီးအကူအညီတောင်းတာ၊ စစ်ကြောင်းမှူးအဖေက ငြိမ်နေလိုက်၊ မနက်မှ ပြောပေးမယ်၊ အခုက ညကြီးမလို့ မလိုက်နိုင်ဘူးလို့ ပြောလိုက်တယ်" လို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ်မှာ ကျန်ရစ်ခဲ့တဲ့ ကျောင်းဆရာမဟာ အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးရဲ့ လိင်ပိုင်းဆိုင်ရာပြုကျင့်ခြင်း ခံခဲ့ရပြီးနောက် အဝတ်ဗလာနဲ့ လမ်းမပေါ် ထွက်ပြေးကာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ဧပြီလနဲ့ မေလတွေမှာ အင်းတော်မြို့၊ နဘားလမ်းဆုံ၊ နဘားကျေးရွာနဲ့ မော်လူးမြို့တို့ကို တော်လှန်ရေးတပ်တွေထံက ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် ပညာရေး၊ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပြန်လည်လည်ပတ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ အင်းတော်မြို့ရဲ့တောင်ဘက် ၁၀ မိုင်အကွာက မဲဇာစံပြကျေးရွာကို အာဏာသိမ်းစစ်အုပ်စုက ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ သိရပြီး အင်းတော်-ကသာလမ်းနဲ့ မော်လူး၊ နဘားလမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ မှုခင်းသတင်း

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…

ဖတ်ရန်
မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း…

ဖတ်ရန်
နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ ပြည်တွင်းသတင်း

နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ

‎ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်