အရေးပေါ်
ပြည်တွင်းသတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း အစိုးရ ထုတ်ပြန်

၂၀၂၆ သြဂုတ် ၃ Myo Taw

ဩဂုတ် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က ဩဂုတ် ၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်း စစ်အစိုးရက ဓါတ်ပုံမှတ်တမ်းနဲ့အတူ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံမှုကို မည်သည့်နေရာမှာ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ တွေ့ဆုံချိန် ကြာမြင့်မှု စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတွင်း တောင်းဆိုမှု မြင့်တက်နေချိန်မှာ အာဏာသိမ်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ
VIDEO ပြည်တွင်းသတင်း

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ

စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃…

ကြည့်ရန်
အာဏာသိမ်း စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ ပြည်တွင်းသတင်း

အာဏာသိမ်း စစ်တပ်ရဲ တိုက်ခိုက်ရေး လေယာဥ်တစင်း ငှက် နဲ့တိုက်မိလို့ အင်ဂျင်မီးလောင်ပြီး ပျက်ကျ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တစင်းဟာ ဩဂုတ်လ ၃ ရက် ဒီကနေ့ မနက် ၅ နာရီ…

ဖတ်ရန်
စစ်ရှောင်ရွာတွေက နေအိမ်တွေကိုဖောက်ထွင်းပြီး အာဏာသိမ်းစစ်တပ်က ဘုရားဆင်းတုတော်ပါမကျန် ခိုးယူနေ
VIDEO ပြည်တွင်းသတင်း

စစ်ရှောင်ရွာတွေက နေအိမ်တွေကိုဖောက်ထွင်းပြီး အာဏာသိမ်းစစ်တပ်က ဘုရားဆင်းတုတော်ပါမကျန် ခိုးယူနေ

စစ်ရှောင်ရွာတွေက နေအိမ်တွေကိုဖောက်ထွင်းပြီး အာဏာသိမ်းစစ်တပ်က ဘုရားဆင်းတုတော်ပါမကျန် ခိုးယူနေတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်