အရေးပေါ်
နိုင်ငံတကာသတင်း

နိုင်ငံပေါင်း ၅၀ က B1/B2 ဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ ဒေါ်လာ ၂ သောင်းအထိ အာမခံကြေးပေးဆောင်ရမယ့် အစီအစဉ်ကို အမေရိကန် အတည်ပြု

၂၀၂၆ သြဂုတ် ၁ Myo Taw

ဩဂုတ် ၁

အာဖရိကနိုင်ငံ အများစုအပါအဝင် နိုင်ငံပေါင်း ၅၀ က ဗီဇာလျှောက်ထားသူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ အတွက် စီးပွားရေးနဲ့ အလည်အပတ် B1/B2 ဗီဇာ လျှောက်ထားတဲ့အခါ အမေရိကန်ဒေါ်လာ ၂၀,၀ဝ၀ အထိ အာမခံကြေး (visa bond) ပေးဆောင်ရမယ့် အစီအစဉ်ကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (U.S. State Department)က ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ တရားဝင်ပြန်တမ်း (Federal Register) ကြေညာချက်အရ ကောင်စစ်ဝန်အရာရှိတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ အကျုံးဝင်တဲ့ ဗီဇာလျှောက်ထားသူတွေ ထံကနေ အာမခံကြေး တောင်းခံနိုင်ခွင့် ရှိလာတော့မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ၂၀၂၅ ခုနှစ် စမ်းသပ်ကာလအတွင်း ရရှိခဲ့တဲ့ အချက်အလက်တွေအရ ဒီလိုအာမခံကြေး တောင်းခံတာဟာ ဗီဇာသက်တမ်းကျော် လွန်နေထိုင်မှုကို ထိရောက်စွာ တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စမ်းသပ်ကာလအတွင်း အာမခံကြေးကို ဒေါ်လာ ၅,၀၀၀၊ ၁၀,၀ဝ၀ နဲ့ ၁၅,၀ဝ၀ ဆိုပြီး အသီးသီး သတ်မှတ်ခဲ့ပေမယ့် အခုအပြီးသတ် စည်းမျဉ်းမှာတော့ ဒေါ်လာ ၅,၀၀၀ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီး အမြင့်ဆုံး အာမခံကြေးကို ဒေါ်လာ ၂၀,၀ဝ၀ အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းသစ်ဟာ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး အကျုံးဝင်တဲ့ နိုင်ငံ ၅၀ အနက် ၃၀ ကျော်ဟာ အာဖရိကတိုက်က နိုင်ငံတွေ ဖြစ်ပါတယ်။

အစိုးရတာဝန်ရှိသူတွေကတော့ ဒီမူဝါဒဟာ ဗီဇာသက်တမ်းကျော် လွန်နေထိုင်တာကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ပြောဆိုထားပေမဲ့ လူ့အခွင့်အရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လှုပ်ရှားသူတွေကတော့ ဒါဟာ တရားဝင် ခရီးသွားလာမှုတွေကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး စီမံချက်တွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ထိခိုက်စေပြီး လူနည်းစုတွေအတွက် မလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲထားပေမယ့် ဒေါ်နယ်ထရမ့်ကတော့ အမျိုးသားလုံခြုံရေး ပိုမိုအားကောင်းစေဖို့အတွက် လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ နိုင်ငံတကာသတင်း

NATO ရဲ့ စစ်ဘက်သုံးလောင်စာစီမံကိန်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း မြောက်ကိုရီးယား စွပ်စွဲ

ဥရောပတစ်ခွင် စစ်ရေးဆိုင်ရာ လောင်စာဆီ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်နေတာဟာ စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး NATO အဖွဲ့ဟာ စစ်ကို ပိုမိုလိုလားတဲ့ အုပ်စုတစ်ခု ဖြစ်လာနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြစ်တင်လိုက်ပါတယ်။

ဖတ်ရန်
၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ရုရှားမော်ဒယ်ကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ရေမြောင်းထဲ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ် ပြန်တွေ့ နိုင်ငံတကာသတင်း

၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ရုရှားမော်ဒယ်ကို ခရီးဆောင်အိတ်ထဲ ထည့်ကာ ရေမြောင်းထဲ စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ် ပြန်တွေ့

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ကို အပန်းဖြေခရီးအဖြစ် ရောက်ရှိလာပြီးနောက် ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ Body Art မော်ဒယ်တဦးကို ခရီးဆောင်အိတ်ထဲ ထည့်ထားကာ ရေမြောင်းအတွင်း စွန့်ပစ်ထားတဲ့ ရုပ်အလောင်းအဖြစ်…