အရေးပေါ်
ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

၂၀၂၆ နိုဝင်ဘာ ၂၇ Myo Taw
အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ အမှတ်(၅) ရပ်ကွက်၊ မြစင်္ကြာလမ်းက အဆောင်တခုမှာ လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို ဆဲဆိုရာက အသက်ကြီးတဲ့သူကို မဆဲဖို့ သွန်သင်ပြောဆိုတဲ့ သူတွေကို ကျောင်းသားရဲ့ဖခင်က ရန်ပြုရာက ဓားထိုးခံလိုက်ရတာလို့ သိရပါတယ်။

“၁၁ နှစ်အရွယ် ကျောင်းသားလေးက သူ့အဖွားကို ဆဲနေတာ၊ အဲ့တာကို ဘေးအခန်းက အမက ကိုယ့်အဖွားကို အဲ့လိုမဆဲဖို့ ဆုံးမတာ။ အဲ့အချိန် ကလေးအဖေက ဆုံးမနေတဲ့ အမဆီကို သွားပြီး 'နင်ကဘာလဲ၊ နင်နဲ့ဘာဆိုင်လဲ၊ ငါ့သားကို ဘာလို့ပြောရတာလဲ' ဆိုပြီး ဆဲဆိုနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

“အဲ့အချိန် သူတို့နေတဲ့ အဆောင်အပေါ်ထပ်က အကိုကြီးတယောက်က ရောက်လာပြီး 'မိန်းကလေးတယောက်ကို ဘာဖြစ်လို့ အဆောင်ထဲမှာ ဆဲဆိုရန်ပြုနေတာလဲ၊ မင်းက လူမိုက်လား' ဆိုပြီး ကလေးအဖေနဲ့ အဲ့အကိုကြီး လုံးထွေးရင်းနဲ့ ကလေးအဖေကို ဓားနဲ့ထိုးလိုက်တာ” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

အဖွားဖြစ်သူကို အခုလိုမဆဲဖို့ သွန်သင်ပြောဆိုတဲ့ အဆောင်တခုထဲအတူနေသူ အသက် ၄၁ နှစ်အရွယ် မအေးမိစံရဲ့ အခန်းကို ကျောင်းသားဖြစ်သူရဲ့ဖခင် ကိုဖြိုးသူအောင်က သွားပြီးရန်တွေ့ရာက အခန်းအပေါ်ထပ်နေသူ ကိုအောင်ဆန်းဝင်းက ဝင်ရောက်ပြောဆိုကြရင်း လုံးထွေးသတ်ပုတ်ကြတာလို့ သိရပါတယ်။

လုံးထွေးသတ်ပုတ်ကြရင်းနဲ့ ကလေးရဲ့အဖေဖြစ်သူ ကိုဖြိုးသူအောင်ရဲ့ ရင်ဘက်ကို ဓားနဲ့ အထိုးခံရပြီး သေဆုံးခဲ့ကာ ဓားနဲ့ထိုးခဲ့သူ ကိုအောင်ဆန်းဝင်းကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ထားပြီး ဓားနဲ့ထိုးကာ လွတ်မြောက်သွားတဲ့ ကိုအောင်ဆန်းဝင်းကိုလည်း ရဲတွေက လိုက်လံရှာဖွေနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ရုပ်သံ ပြည်တွင်းသတင်း

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ဗျူဟာကုန်းမှာ အရက်အတူသောက်ရင်း စကားများကြရာက အပြန်အလှန်ပစ်ခတ်လို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးစလုံး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းမှာ စစ်သား ၂ ဦး စကားများရန်ဖြစ်ကြရင်း အပြန်အလှန်ပစ်ခတ်ကြလို့ တပ်ကြပ်နဲ့ တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့တယ်လို့…

ဖတ်ရန်
လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေမှာ ကျွဲဂိမ်းလောင်းကစား Link တွေ ပေးပို့ခံရပြီးနောက် Viber နည်းပညာချို့ယွင်းမှုလို့ ကုမ္ပဏီတချို့ ရှင်းလင်း ပြည်တွင်းသတင်း

လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေမှာ ကျွဲဂိမ်းလောင်းကစား Link တွေ ပေးပို့ခံရပြီးနောက် Viber နည်းပညာချို့ယွင်းမှုလို့ ကုမ္ပဏီတချို့ ရှင်းလင်း

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု၊ အာမခံနဲ့ အွန်လိုင်းဈေးဝယ်လုပ်ငန်းတွေရဲ့ တရားဝင် Viber Channel တွေကတဆင့် ကျွဲဂိမ်း အပါအဝင် တရားမဝင် အွန်လိုင်းလောင်းကစား ကြော်ငြာ…

ဖတ်ရန်