အရေးပေါ်
ပြည်တွင်းသတင်း

ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ လှေမှောက်လို့ ရေဘေးလာလှူတဲ့ အလှုရှင် ၁ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေ

၂၀၂၆ သြဂုတ် ၃၁ Myo Taw
ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ လှေမှောက်လို့ ရေဘေးလာလှူတဲ့ အလှုရှင် ၁ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေ

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက ဒေသခံ ၃ ဦး စီးနင်းလိုက်ပါလာတဲ့ လှေတစီး တိမ်းမှောက်ခဲ့ပြီး ရုပ်အလောင်းတခုသာ ပြန်ရသေးတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့မနက်ပိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး လှေပေါ်ပါသူ ၃ ဦးထဲက ၁ ဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်ရပြီး ကျန် ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

"ကနဦးသိရသလောက်တော့ သေတာက ရေဘေးသင့်ပြည်သူတွေကို လာလှူတဲ့ အလှုရှင် ဖြစ်နေတယ်။ ကြပ်ကွင်းရွာသား ၂ ယောက်ပျောက်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်ဟာ ရေနစ်မြုပ်နေပြီး စက်လှေနဲ့သာ သွားလာနေရကာ တချို့နေရာတွေမှာ ရေစီးကြမ်းလို့ ကယ်ဆယ်ရေးစက်လှေတွေပင် သွားလာရခက်ခဲတဲ့ အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

"Life Jack တွေ ဝတ်သွားကြပါ၊ ဖြစ်ရင် မလွယ်ဘူး။ နယ်ခံတွေတောင် အသက်အန္တရာယ်ရှိတယ်။ ရေစီးကလည်း မမှန်ဘူး၊ အရမ်းသန်တယ်။ အခုပျောက်နေတဲ့ ၂ ယောက်ကို ရှာနေတုန်းပဲ။ တယောက်ရဲ့ အလောင်းပဲ ရသေးတယ်" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

ပျောက်ဆုံးနေသူတွေဟာ ကြပ်ကွင်းရွာကလို့ သိရပြီး ဩဂုတ်လ၂၇ ရက်နေ့ ညကလည်း ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီးမှာ ငါးဖမ်းထွက်လာတဲ့ လှေတစီး တိမ်းမှောက်ပြီး လှေပေါ်မှာပါတဲ့ အမျိုးသား ၂ ဦးထဲက ၁ ဦး‌ ရေနစ်ပျောက်ဆုံးခဲ့ပြီးနောက် ၂ ရက်အကြာမှာ ရုပ်အလောင်း ရရှိခဲ့ပါသေးတယ်။

လက်ရှိအချိန်ထိ ဧရာဝတီတိုင်းမှာ ရေနစ်သေဆုံးသူ ၁၄ ဦးထက်မနည်း ရှိနေပြီလို့လည်း သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်