အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ

၂၀၂၆ သြဂုတ် ၃၁ Myo Taw
နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ

နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင်ရေကျော်နေ

ဩဂုတ် ၃၁

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံမှာ ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ရေပိုလွှဲမှ ရေကျော်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရေပိုလွှဲမှ ရေကျော်နေပြီဖြစ်ပေမယ့် ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်ပြီး စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေတဲ့အတွက် ပေါင်းလောင်းမြစ်တလျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာ မလိုသေးကြောင်းလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ရေပိုလွှဲမှ ရေကျော်လွန် စီးဆင်းမှုဟာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းနေပြီး ၂၀၂၄ ခုနှစ်မှာ စံချိန်တင်အဖြစ် အများဆုံး စီးဆင်းခဲ့တဲ့ ၅၆,၆၈၁ ကုဗပေ/စက္ကန့် နှင့် နှိင်းယှဉ်ပါက ယခုရေကျော်စီးဆင်းမှု အခြေအနေဟာ အလွန်နည်းပါးတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆည်တမံနှင့် ရေပိုလွှဲတို့ရဲ့ ကြံ့ခိုင်မှုဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပြီး ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်ပြီး စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေသလို အချိန်နှင့် တပြေးညီ အသိပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်