အရေးပေါ်
ပြည်တွင်းသတင်း

PDF တွေက ဆိုင်ကယ်အသုံးပြုပြီး အုပ်ကြီးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ရန်ကုန်၊ တွံတေးခရိုင်အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုဘူးလို့ဆို

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
PDF တွေက ဆိုင်ကယ်အသုံးပြုပြီး အုပ်ကြီးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ရန်ကုန်၊ တွံတေးခရိုင်အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုဘူးလို့ဆို

PDF တွေက ဆိုင်ကယ်အသုံးပြုပြီး အုပ်ကြီးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ရန်ကုန်၊ တွံတေးခရိုင်အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုဘူးလို့ဆို

စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ တွံတေးခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ဆိုင်ကယ် တရားဝင် စီးနင်းခွင့်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အစိုးရ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တတိယပုံမှန် အစည်းအဝေးမှာ တွံတေးခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှာ ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင် ခွင့်ပြုပေးနိုင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒလမြို့နယ် ကိုယ်စားလှယ် ဦးသန်းဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာဝင်း တို့ရဲ့ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ကို ခွင့်ပြုပေးနိုင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ မေးခွန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည် ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က "တွံတေးခရိုင်အတွင်းမှာ ပါဝင်တဲ့ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဒလမြို့နယ်တို့မှာ ဆိုင်ကယ်မစီးရ ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ထားတဲ့အတွက် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ကို ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေး အဖွဲ့စည်းတွေရဲ့ သဘောထား ပြန်ကြားချက်တွေအရ လက်တလောမှာ ဆိုင်ကယ်စီးနင်းခွင့်ကို လုံခြုံရေးအရ ခွင့်ပြုလို့မရသေးပါဘူး" လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

ဒလမြို့နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေေ ဆယ်အိမ်မှူးတွေကို တော်လှန်ရေးအင်အားစုတွေက မော်တော်ဆိုင်ကယ် အသုံးပြုပြီး ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲမှု (၁၃) ကြိမ်၊ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံခံရမှု (၉) ကြိမ် ရှိခဲ့တယ်လို့ ဝန်ခံထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဖောင်တော်ဦးဘုရားပွဲ ၅ ရက်မြောက်နေ့မှာ ဘုရာဆွဲလှေပေါ်က ကျောင်းသားတဦး ရေထဲပြုတ်ကျသေဆုံး ရုပ်သံ Afternoon NEWS

ဖောင်တော်ဦးဘုရားပွဲ ၅ ရက်မြောက်နေ့မှာ ဘုရာဆွဲလှေပေါ်က ကျောင်းသားတဦး ရေထဲပြုတ်ကျသေဆုံး

ဖောင်တော်ဦးဘုရားပွဲ ၅ ရက်မြောက်နေ့မှာ ဘုရာဆွဲလှေပေါ်က ကျောင်းသားတဦး ရေထဲပြုတ်ကျသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို မိုးလေဝသ

ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို

ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ…

ဖတ်ရန်
စျေးကွက်ထဲ စားအုန်းဆီ ဝယ်ယူ မရတဲ့အထိ ဖြစ်လာကာ နှမ်းဆီနဲ့ ပဲဆီကိုသာ စျေးကြီးပေး ဝယ်နေရ ပြည်တွင်းသတင်း

စျေးကွက်ထဲ စားအုန်းဆီ ဝယ်ယူ မရတဲ့အထိ ဖြစ်လာကာ နှမ်းဆီနဲ့ ပဲဆီကိုသာ စျေးကြီးပေး ဝယ်နေရ

နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ဆိုပြီး ပြည်ပက တင်သွင်းတဲ့ စားသုံးဆီတွေကို ကန့်သတ်ခဲ့ပြီးနောက် လက်ရှိစျေးကွက်ထဲ ပြည်တွင်းစားသုံးဆီ ဝယ်ယူလို့ မရတဲ့အထိ ဖြစ်လာကာ ပြည်ပစားသုံးဆီစျေးတွေလည်း အဆမတန် မြင့်တက်လာတာကြောင့်…

ဖတ်ရန်