အရေးပေါ်
ပြည်တွင်းသတင်း

ပူတာအိုမှာ ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် ခရမ်းချဥ်သီးတလုံးကို ကျပ် ၁၀၀၀ အထိ ပေးဝယ်နေရ

၂၀၂၆ သြဂုတ် ၄ Myo Taw
ပူတာအိုမှာ ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် ခရမ်းချဥ်သီးတလုံးကို ကျပ် ၁၀၀၀ အထိ ပေးဝယ်နေရ

ပူတာအိုမှာ ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် ခရမ်းချဥ်သီးတလုံးကို ကျပ် ၁၀၀၀ အထိ ပေးဝယ်နေရ

ဇူလိုင် ၄

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် ခရမ်းချဉ်သီးတလုံး ကျပ် ၁၀၀၀ အထိ ပေးဝယ်နေရပြီး အခြားလူသုံးကုန်ပစ္စည်းတွေလည်း စျေးတက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွေ ပျက်စီးခဲ့ကာ ကုန်ကားတွေ ပိတ်မိခဲ့ပြီး လမ်းအသုံးပြုခွင့်တွေ ယာယီရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းတွေမှာလည်း စစ်ရေးအခြေအနေတွေကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွေ အခက်ခဲအမျိုးမျိုး ရှိနေခဲ့လို့ ပူတာအိုမြို့ကို ကုန်စည်ဝင်ရောက်နိုင်မှု ပိုနည်းခဲ့ကာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

"သိသိသာသာ ဖြစ်တာက ဇူလိုင် လကုန်ပိုင်းလောက်ကတည်းက စပြီး စျေးပိုတက်လာတာ၊ ကြက်ဥ တသောင်းဖိုးဝယ်ရင် ၆ လုံး ၇ လုံးပဲ ရတော့တယ်၊ ခရမ်းချဥ်သီး တပိသာ ၂၀၀၀၀ ပေးရတယ်၊ အရင်က ၉ ထောင် ၁ သောင်းပဲ ရှိတယ်၊ ဖောက်သယ်ယူရင်တောင် ခရမ်ချဥ်သီး အသေးတလုံး ၁၀၀၀ ပေးနေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ပူတာအိုမြို့ရဲ့ လိုအပ်တဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို မိုင် ၂၀၀ ကျော်ဝေးတဲ့ မြစ်ကြီးနားမြို့ကနေ တင်သွင်းနေရပြီး လတ်တလောမှာ လမ်းပျက်စီးမှုတွေကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာနေကာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ် ခံနေရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း နိုင်ငံတကာသတင်း

မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ပြန်လည်ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မင်းအောင်လှိုင်နဲ့ ဩဂုတ် ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကွန်က မြန်မာနိုင်ငံနဲ့ အခြေအနေပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့…

ဖတ်ရန်
တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ် ပြည်တွင်းသတင်း

တရုတ်မယားအဖြစ် ရောင်းစားဖို့ ပြုလုပ်ခဲ့သူတွေကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံမှာ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့…

ဖတ်ရန်
မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ ပြည်တွင်းသတင်း

မင်းအောင်လှိုင် ရောက်တဲ့နေရာတိုင်း မကောင်းတာ တစ်ခုမဟုတ် တစ်ခု ဖြစ်တတ်လို့ ထိုင်းရောက် မြန်မာတွေ စိုးရိမ်နေ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တဲ့ နိုင်ငံ ဒါမှမဟုတ် ပြည်တွင်းက နေရာတွေမှာ ရေကြီးတာ၊ မုန်တိုင်းတိုက်တွေနဲ့ တခြားမကောင်းတဲ့ ဖြစ်ရပ်တွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တတ်လို့ ထိုင်းရောက်…

ဖတ်ရန်