အရေးပေါ်
ပြည်တွင်းသတင်း

လူဟောင်းတွေကိုသာ ပြန်ခန့်အပ်ခဲ့တာကြောင့် အဂတိလိုက်စားမှု ပြဿနာတက်ပြီး အုပ်ကြီးတွေကို ပြန်လည်ရွေးချယ်ဖို့ လုပ်ဆောင်နေ

၂၀၂၆ နိုဝင်ဘာ ၂၅ Myo Taw
လူဟောင်းတွေကိုသာ ပြန်ခန့်အပ်ခဲ့တာကြောင့် အဂတိလိုက်စားမှု ပြဿနာတက်ပြီး အုပ်ကြီးတွေကို ပြန်လည်ရွေးချယ်ဖို့ လုပ်ဆောင်နေ

လူဟောင်းတွေကိုသာ ပြန်ခန့်အပ်ခဲ့တာကြောင့် အဂတိလိုက်စားမှု ပြဿနာတက်ပြီး အုပ်ကြီးတွေကို ပြန်လည်ရွေးချယ်ဖို့ လုပ်ဆောင်နေ

နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျုံကဒတ်ကျေးရွာနဲ့ ပငကျေးရွာတွေ အပါအဝင် ကျေးရွာအားလုံးနီးပါးမှာ အုပ်ချုပ်ရေးမှူးအသစ်တွေ ပြန်လည်ရွေးချယ်သွားဖို့ အာဏာသိမ်းအစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနဲ့ ကျေးရွာပေါင်း ၆၈ ရွာရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် သံဖြူဇရပ်မြို့ပေါ်ရှိ ရက်ကွက် ၄ ခုမှာသာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ခဲ့ပြီး ကျန်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လူဟောင်းတွေကိုသာ ပြန်လည်ခန့်အပ်ခဲ့တာလို့ သိရပါတယ်။

“အရင်အုပ်ကြီးတွေ ပြန်ခန့်တဲ့ကိစ္စနဲ့ ပြဿနာတက်တာ။ အဲ့တာကြောင့် အခု အကုန်ပြန်ရွေးမယ် ကြားတယ်။ တချို့ကလည်း ရွေးချယ်တဲ့ စိစစ်ရေး ကော်မတီဝင်တွေကို လာဒ်ထိုးပြီး စာရင်းထဲပါအောင်လုပ်နေတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

လူဟောင်းတွေကိုသာ ပြန်လည်ခန့်အပ်ထားခဲ့တာကြောင့် ကျေးရွာတွေထဲ အဂတိလိုက်စားမှုနဲ့ နိုင်ထက်စီးနင်းပြုမှုတွေ အသံကျယ်ကျယ် ထွက်ပေါ်ခဲ့တာကြောင့် အခုလို ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ပြုလုပ်ရတာလို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ သံဖြူဇရပ်က ရပ်ကွက်ကျေးရွာတွေမှာ အုပ်ချုပ်ရေမှူးခန့်အပ်ပွဲအတွက် စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို ပြည်တွင်းသတင်း

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို

နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း တခုထက်ပိုမို ကိုင်ဆောင်ထားသူ‌တွေအနေနဲ့ ပယ်ဖျက်လိုတဲ့ ကတ်ပြားနဲ့ စာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက)…

ဖတ်ရန်
မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား ရုပ်သံ ပြည်တွင်းသတင်း

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆…

ကြည့်ရန်
ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး ရုပ်သံ ပြည်တွင်းသတင်း

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်