အရေးပေါ်
ပြည်တွင်းသတင်း

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

၂၀၂၆ သြဂုတ် ၃၁ Myo Taw
ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

ဩဂုတ် ၃၁

ဘားအံမြို့ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၃၁ ရက် ဒီကနေ့မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ နောက်တရက်အတွင်းမှာ လက်ရှိရောက်နေတဲ့ ရေမှတ်အထက် ၆ လက်မခန့် ထပ်ပြီး တက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ထုတ်ပြန်ထားပါတယ်။

"မြို့ပေါ်ရပ်ကွက်တွေ ရေမြုပ်နေလို့ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထားရတယ်။ ရေက ကျမလိုနဲ့ ထပ်တက်လာတယ်။ လူ ၃ ထောင်ကျော်လောက် ရေဘေးသင့်နေတယ်။ ရေနစ်သေဆုံးတဲ့သူတော့ မရှိဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာတော့ ရာသီတုတ်ကွေးကြောင့် ဖျားနာသူ လူကြီးနဲ့ ကလေးတွေတော့ ရှိတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေနီးပါးအထိ ရောက်ရှိခဲ့တယ်လို့ သိရပြီး အခုတခါ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ် ထပ်တက်လာခဲ့တာလို့ သိရပါတယ်။

"ပထမတကြိမ် စိုးရိမ်ရေမှတ်တုန်းက မြို့ပေါ်ရပ်ကွက်တွေ ရေမြုပ်တယ်။ စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၈၄၉ စုနဲ့ လူဦးရေ ၃၄၁၁ ဦး ရှိတယ်။ အခုဒုတိယအကြိမ် စိုးရိမ်ရေမှတ်ကို ရောက်ရှိနေလို့ တချို့ရပ်ကွက်တွေ ရွှေ့ပြောင်းနေကြပြီ" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

မိုးဇလရဲ့ ဩဂုတ်လ ၃၁ ရက် ဒီကနေ့ရက်စွဲပါ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁ ရက်နေ့မှာ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေ ၃ လက်မထိ ထပ်မံရောက်ရှိနိုင်ကာ ပထမအကြိမ် စိုးရိမ်ရေမှတ်ထက် ၄ လက်မခန့် ထပ်မံမြင့်တက်နိုင်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၁၄ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်