အရေးပေါ်
ပြည်တွင်းသတင်း

ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကို သတင်းပေးပြုလုပ်နေသူ ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကို သတင်းပေးပြုလုပ်နေသူ ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပေါင်းတည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကို သတင်းပေးပြုလုပ်နေသူ ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

စက်တင်ဘာ ၂၈

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ် မှန်ပြင်ကျော တဲတိုက်တွေမှာ နေထိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို သတင်းပေးလုပ်နေသူ ငှက်ကြီး ကို စက်တင်ဘာလ ၄ ရက်နေ့က မှန်ပြင်ကျေးရွာအနီးမှာ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ(၁)မှ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီကလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု ကြည်ရွာမှာ နေထိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို သတင်းပေးလုပ်နေသူ အေးကို ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ ရှေ့တန်းမိုင်းကွင်းနေရာတွေကို လိုက်လံစုံစမ်းပြီး ပြန်လာစဥ် ကြည်ရွာအနီးမှာ ဗျူဟာ (၂၁) ကွပ်ကဲမှု အောက်ရှိ ပြည်ခရိုင်၊ တပ်ရင်း(၁) တပ်ခွဲ(၄)မှ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၄ ရက် ည ၈ နာရီခန့်ကလည်း ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင် ပျူစောထီးရွာအနီး ကြာနီကန်ကွက်သစ် စမ်းကြီးရွာမှာ နေထိုင်တဲ့ အာဏာသိမ်းစစ်တပ်ကို သတင်းပေးလုပ်နေသူ လွင်မိုးအောင် ကို သူရဲ့နေအိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၄)မှ ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၃ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းအချက်လက်တွေကို အာဏာသိမ်းစစ်တပ်ထံ သတင်းပေးပို့တာ၊ ထောင်ထားတဲ့ မိုင်းကွင်းနေရာတွေကို လိုက်လံပြသတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ပို့ပြည်သူတွေကို သတင်းပေး ဖမ်းဆီးစေခိုင်းတာ၊ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးချိန်မှာလည်း လမ်းပြလုပ်ပေးတာတွေ ပြုလုပ်နေတဲ့အတွက် အခုလို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF - ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မုံရွာမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦး မိသားစုလိုက် ပြန်ပေးဆွဲခံရပြီး ကလေးတွေပါ ပါသွား ပြည်တွင်းသတင်း

မုံရွာမှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦး မိသားစုလိုက် ပြန်ပေးဆွဲခံရပြီး ကလေးတွေပါ ပါသွား

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ရုံးစိုက်ရာ မုံရွာမြို့မှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးရဲ့ မိသားစုတခုလုံးကို နေအိမ်ထဲထိ ဝင်ရောက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်