အရေးပေါ်
ပြည်တွင်းသတင်း

ဆင်ပေါင်ဝဲမြို့နယ်ထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက်ကြီးပိုင်း ၂ ဦး စိုးရိမ်ဒဏ်ရာရ

၂၀၂၆ နိုဝင်ဘာ ၁၆ Myo Taw
ဆင်ပေါင်ဝဲမြို့နယ်ထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက်ကြီးပိုင်း ၂ ဦး စိုးရိမ်ဒဏ်ရာရ

ဆင်ပေါင်ဝဲမြို့နယ်ထဲကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက်ကြီးပိုင်း ၂ ဦး စိုးရိမ်ဒဏ်ရာရ

နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က ငါးရံ့ချောင်းရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်ကြီးပိုင်း ၂ ဦး ထိခိုက်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အောင်လံမြို့နယ်ရှိ ကပစ(၁၅)ကနေ ပစ်လွှတ်လိုက်တဲ့ အသေခံဒရုန်း ၁ စင်းဟာ ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တွေ ပျက်စီးခဲ့ကာ အသက်ကြီးပိုင်း အရပ်သား ၂ ဦး ဗုံးစထိမှန် ဒဏ်ရာပြင်းထန် ရခဲ့တယ်လို့ သိရပါတယ်။

“ကပစ ၁၅ က လွှတ်လိုက်တဲ့ အသေခံဒရုန်းပါ၊ ဒီမှာက တော်လှန်ရေးတပ်တွေလည်း မရှိဘူး၊ တိုက်ပွဲလည်းဖြစ်တဲ့ရွာမဟုတ်ဘူး၊ အကြောင်းအရင်း မရှိဘဲ ရွာကို တိုက်ခိုက်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးစထိမှန်ခဲ့တာကြောင့် နေအိမ်ပျက်စီးပြီး အသက် ၆၀ ဝန်းကျင် ဒေါ်ဗျော့ကြီး ဆိုသူ ဝမ်းဗိုက် ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ မေးစေ့အောက်ပိုင်း ၁ ချက် ထိမှန်ခဲ့တယ်လို့ သိရပြီး အသက် ၆၀ အရွယ် ဦးမြင့်အေး ဆိုသူ ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာ ၁ ချက် ရခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဗုံးစထိမှန်သူတွေ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပြီး အသေခံဒရုန်း ကျရောက်ခဲ့တဲ့ ကျေးရွာဟာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်တွေလည်း မရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဟားခါးမှာ ဝမ်းကျရောဂါကြောင့် ဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေပြီး ရောင်းစား၊ ချက်စားပါက အရေးယူမယ် ရုပ်သံ Daily NEWS

ဟားခါးမှာ ဝမ်းကျရောဂါကြောင့် ဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေပြီး ရောင်းစား၊ ချက်စားပါက အရေးယူမယ်

ဟားခါးမှာ ဝမ်းကျရောဂါကြောင့် ဝက်တွေ အစုလိုက်အပြုံလိုက် သေဆုံးနေပြီး ရောင်းစား၊ ချက်စားပါက အရေးယူမယ်ဆိုတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ် ရုပ်သံ Daily NEWS

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

အဖွားကို မဆဲဖို့ ကလေးကို အိမ်နီးချင်းက ဆုံးမရာ ဖခင်နဲ့ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်