အရေးပေါ်
ပြည်တွင်းသတင်း

အမြန်လမ်းမှာ Express ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်းတဦး ထိခိုက်ဒဏ်ရာရကာ တရားမဝင်တန်ဆာအဖြစ် သယ်ဆောင်လာတဲ့ အုန်းသီးတွေ လမ်းပေါ်ပြန့်ကျဲ

၂၀၂၆ နိုဝင်ဘာ ၂၄ Myo Taw
အမြန်လမ်းမှာ Express ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်းတဦး ထိခိုက်ဒဏ်ရာရကာ တရားမဝင်တန်ဆာအဖြစ် သယ်ဆောင်လာတဲ့ အုန်းသီးတွေ လမ်းပေါ်ပြန့်ကျဲ

အမြန်လမ်းမှာ Express ကား ၂ စီး တိုက်မိပြီး ယာဉ်မောင်းတဦး ထိခိုက်ဒဏ်ရာရကာ တရားမဝင်တန်ဆာအဖြစ် သယ်ဆောင်လာတဲ့ အုန်းသီးတွေ လမ်းပေါ်ပြန့်ကျဲ

နိုဝင်ဘာ ၂၄

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင် Express ကား ၂ စီး မတော်တဆ တိုက်မိခဲ့ပြီး ယာဉ်မောင်းတဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကားပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ အုန်းသီးတွေ လမ်းမပေါ် ပြန့်ကျဲမှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

နိုဝင်လာလ ၂၄ ရက် ဒီကနေ့ မနက်အစော ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၂၂/၇ အနီး ရန်ကုန်မှ မန္တလေးသို့ အသွားလမ်းမှာ ယာဉ်မောင်း အပါအဝင် ကျား ၃ ဦး၊ မ ၉ ဦး၊ စုစုပေါင်း ၁၂ လိုက်ပါလာတဲ့ 'ရွှေတွင်းကြီး' ခရီးသည်တင်ယာဉ်ဟာ 'ဂ'ကွေ့ ကွေ့နေ့စဉ် မန္တလေးမှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်မောင်း အပါအဝင် ကျား ၅ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၂၀ ဦးလိုက်ပါလာတဲ့ 'ရာဇာအောင်' ခရီးသည်တင်ယာဉ်က နောက်ကနေ ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါယာဉ်မတော်တဆမှုကြောင့် 'ရာဇာအောင်' ခရီးသည်တင်ယာဉ်မှာ လမ်းဘေးမြေသားလမ်းကို ကျော်ပြီး ကာရံထားတဲ့ သံဇကာကွက်ခြံစည်းရိုးတွေကို ဝင်ရောက်တိုက်မိခဲ့ကာ ယာဉ်မောင်းဖြစ်သူ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တရားမဝင် တန်ဆာအဖြစ် သယ်ဆောင်လာတဲ့ အုန်းသီးတွေ လမ်းပေါ်ကို ပြန့်ကျဲခဲ့တယ်လို့ သိရပါတယ်။

နောက်ကနေ ဝင်ရောက်အတိုက်ခံရတဲ့ 'ရွှေတွင်းကြီး' ခရီးသည်တင်ယာဉ်မှာ အမြန်လမ်းပေါ်မှာ ကန့်လန့်ရပ်တန့်ခဲ့ပြီး ယာဉ်ပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပေမယ့် လမ်းဘေးမှာ ကာရံထားတဲ့ အကာရံအချို့ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ယာဉ်တွေအနေနဲ့ ခရီးသည်ပစ္စည်းမှလွဲပြီး အခြားကုန်ပစ္စည်းတွေ တင်ဆောင်ခြင်း မပြုဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ သတိပေး တားမြစ်ခဲ့ထားတာလည်း ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို ပြည်တွင်းသတင်း

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအပိုတွေ ပယ်ဖျက်ဖို့ လဝက သတ်မှတ်ရက်ထုတ်ပြန်၊ ထုတ်ပေးခဲ့တဲ့ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ပြည်သူတွေ တောင်းဆို

နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း တခုထက်ပိုမို ကိုင်ဆောင်ထားသူ‌တွေအနေနဲ့ ပယ်ဖျက်လိုတဲ့ ကတ်ပြားနဲ့ စာရင်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက)…

ဖတ်ရန်
မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား ရုပ်သံ ပြည်တွင်းသတင်း

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွား

မိတ္တီလာမှာ မြုပ်နှံပြီးသား ကလေးငယ်ရုပ်အလောင်းကို ပြန်ဖော်ကာ မိထွေးဖြစ်သူကို တရားစွဲဆိုမှုဖြစ်ပွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၆…

ကြည့်ရန်
ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး ရုပ်သံ ပြည်တွင်းသတင်း

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေး

ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ်…

ကြည့်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်