အရေးပေါ်
ပြည်တွင်းသတင်း

စခန်းပတ်လည် ခြုံရှင်းရင်း မြေမြှုပ်မိုင်းကို ပေါက်ပြားနဲ့ ပေါက်မိလို့ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၂ Myo Taw
စခန်းပတ်လည် ခြုံရှင်းရင်း မြေမြှုပ်မိုင်းကို ပေါက်ပြားနဲ့ ပေါက်မိလို့ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

စခန်းပတ်လည် ခြုံရှင်းရင်း မြေမြှုပ်မိုင်းကို ပေါက်ပြားနဲ့ ပေါက်မိလို့ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းတပ်ကုန်းမှာ စခန်းကုန်းကခြုံတွေရှင်းရင် ပေါက်ကွဲမှုတခု ဖြစ်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်က တောင်ခမ်းတပ်ကုန်းထဲ စခန်းပတ်လည် ခြုံရှင်းရင်း မြေမြုပ်မိုင်းကို ပေါက်ပြားနဲ့ ပေါက်မိခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။

“မြေအောက်မြှုပ်နေတဲ့ ခြေနင်းမိုင်းကို ပေါက်ပြားနဲ့ ပေါက်မိတာလို့ ပြောတယ်။ ၂ ယောက် သေတယ်၊ တယောက်က နောင်ချိုဆေးရုံမှာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒဏ်ရာရ တပ်ဖွဲ့ဝင်ကို နောင်ချိုပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပြီး အခင်းဖြစ်ပွားတဲ့ ကိစ္စကို အာဏာသိမ်းစစ်တပ်ဘက်က သတင်းဖုံးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့က ထောက်ပို့တပ်ရင်း ၆၂၆ ထဲမှာ တပ်တွင်းသန့်ရှင်းရေးလုပ်ရင်းက ဗုံးပေါက်ကွဲလို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ Afternoon NEWS

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်