အရေးပေါ်
ပြည်တွင်းသတင်း

မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

၂၀၂၆ အောက်တိုဘာ ၉ Myo Taw
မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

အောက်တိုဘာ ၉

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၃၂ ဒသမ ၆ ရာခိုင်နှုန်း (လူဦးရေ ၁၇ ဒသမ ၉ သန်းခန့်) ဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပြီး နောက်ထပ် လူဦးရေ ၁၉ ဒသမ ၅ သန်းဟာလည်း ဆင်းရဲမွဲတေမှုထဲ ကျရောက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံနှစ်ပုံကျော်ဟာ လက်ရှိမှာ ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရတာ ဒါမှမဟုတ် ဆင်းရဲမွဲတေမှုအတွင်း ကျရောက်နိုင်ခြေ အလွန်မြင့်မားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

UNDP က ထုတ်ပြန်တဲ့ “Layers of Deprivation: Multidimensional Poverty in Myanmar” ဆိုတဲ့ အစီရင်ခံစာမှာတော့ ဆင်းရဲနွမ်းပါးမှုကို ဝင်ငွေတစ်ခုတည်းနဲ့ မတိုင်းတာဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ နေ့စဉ်လူနေမှုဘဝ စံချိန်စံညွှန်းတွေမှာ ဘယ်လောက်အထိ ချို့တဲ့အားနည်းနေလဲဆိုတဲ့ ရှုထောင့်ပေါင်းစုံကနေ လေ့လာဆန်းစစ်ထားတယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘက်စုံဆင်းရဲမွဲတေမှု ဖြစ်ပွားနေရတဲ့ အခြေအနေတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာနဲ့ အခြေခံလူနေမှုအဆင့်အတန်း ချို့တဲ့တာတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြည်သူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတာ၊ လုံလောက်သင့်တော်တဲ့ နေထိုင်စရာ အိမ်ရာ မရှိတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ် မရရှိတာ၊ တခြား မရှိမဖြစ် အခြေခံ လူမှုဝန်ဆောင်မှုတွေ လက်လှမ်းမမီတာ စတဲ့ ပြဿနာတွေကို နေ့စဉ်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စု အချက်အလက်တွေကို ကောက်ယူလေ့လာချက်အရ ဆင်းရဲမွဲတေမှု အခြေအနေဟာ ဒေသအလိုက်နဲ့ လူမှုအုပ်စုအလိုက် သိသိသာသာ ကွာခြားနေတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ရေရှည်တည်ရှိနေတဲ့ အခြေခံ အားနည်းချက်တွေအပေါ် လက်နက်ကိုင် ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိုးနှက်မှုတွေ ထပ်ဆင့်ပေါင်းစပ်လာတာကြောင့် ဆင်းရဲမွဲတေမှုဟာ ပိုမိုနက်ရှိုင်းပြီး ဖြေရှင်းရခက်ခဲတဲ့ အခြေအနေ ဖြစ်လာတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

UNDP ရဲ့ ဒီအစီရင်ခံစာဟာ ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်ပွားနေတဲ့ ဒေသတွေကိုသာမက ဆင်းရဲနွမ်းပါးမှုရဲ့ အတိမ်အနက် နဲ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကိုပါ ဖော်ထုတ်ထားတာကြောင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး၊ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွေကို ပိုမိုတိကျထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ အရေးပါတဲ့ အထောက်အကူဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။

Ref & Photo: UNDP

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

TikTok က ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားကို ရေမြောင်းထဲ စွန့်ပစ်ခဲ့ ရုပ်သံ Daily NEWS

TikTok က ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားကို ရေမြောင်းထဲ စွန့်ပစ်ခဲ့

TikTok က ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားကို ရေမြောင်းထဲ စွန့်ပစ်ခဲ့တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ…

ကြည့်ရန်
ဆိုလာပစ္စည်းတင်သွင်းခွင့်နှင့် ဈေးနှုန်းပြဿနတွေ မဖြေရှင်းဘဲ အမိုးတင်ဆိုလာကနေ လျှပ်စစ်ပြန်ရောင်းမယ့်အစီအစဉ် ဝေဖန်ခံနေရ ပြည်တွင်းသတင်း

ဆိုလာပစ္စည်းတင်သွင်းခွင့်နှင့် ဈေးနှုန်းပြဿနတွေ မဖြေရှင်းဘဲ အမိုးတင်ဆိုလာကနေ လျှပ်စစ်ပြန်ရောင်းမယ့်အစီအစဉ် ဝေဖန်ခံနေရ

လာမယ့်နွေရာသီမတိုင်ခင် အဆောက်အဦအမိုးတွေပေါ်မှာ ဆိုလာပြားတွေ တပ်ဆင်ပြီး လျှပ်စစ် ဓာတ်အားထုတ်လုပ်ကာ နိုင်ငံတော်ကို ပြန်လည်ရောင်းချမယ့် အစီအစဉ်ကို အာဏာသိမ်း အစိုးရလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော်နေပေမယ့်…

ဖတ်ရန်
ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား ပြည်တွင်းသတင်း

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား ပြည်တွင်းသတင်း

TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

‎ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့အတူ ရေမြောင်းထဲ ဖိနှစ် စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ၃ ရက်ကြာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်