အရေးပေါ်
ပြည်တွင်းသတင်း

မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

၂၀၂၆ အောက်တိုဘာ ၉ Myo Taw
မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

မြန်မာပြည်သူ သုံးပုံနှစ်ပုံကျော် ဆင်းရဲတွင်းနက်နေပြီး ထိခိုက်လွယ်မှု အလွန်မြင့်မားနေကြောင်း UNDP သတိပေး

အောက်တိုဘာ ၉

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၃၂ ဒသမ ၆ ရာခိုင်နှုန်း (လူဦးရေ ၁၇ ဒသမ ၉ သန်းခန့်) ဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပြီး နောက်ထပ် လူဦးရေ ၁၉ ဒသမ ၅ သန်းဟာလည်း ဆင်းရဲမွဲတေမှုထဲ ကျရောက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံနှစ်ပုံကျော်ဟာ လက်ရှိမှာ ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရတာ ဒါမှမဟုတ် ဆင်းရဲမွဲတေမှုအတွင်း ကျရောက်နိုင်ခြေ အလွန်မြင့်မားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

UNDP က ထုတ်ပြန်တဲ့ “Layers of Deprivation: Multidimensional Poverty in Myanmar” ဆိုတဲ့ အစီရင်ခံစာမှာတော့ ဆင်းရဲနွမ်းပါးမှုကို ဝင်ငွေတစ်ခုတည်းနဲ့ မတိုင်းတာဘဲ ကျန်းမာရေး၊ ပညာရေးနဲ့ နေ့စဉ်လူနေမှုဘဝ စံချိန်စံညွှန်းတွေမှာ ဘယ်လောက်အထိ ချို့တဲ့အားနည်းနေလဲဆိုတဲ့ ရှုထောင့်ပေါင်းစုံကနေ လေ့လာဆန်းစစ်ထားတယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဘက်စုံဆင်းရဲမွဲတေမှု ဖြစ်ပွားနေရတဲ့ အခြေအနေတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာနဲ့ အခြေခံလူနေမှုအဆင့်အတန်း ချို့တဲ့တာတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြည်သူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတာ၊ လုံလောက်သင့်တော်တဲ့ နေထိုင်စရာ အိမ်ရာ မရှိတာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ မိလ္လာစနစ် မရရှိတာ၊ တခြား မရှိမဖြစ် အခြေခံ လူမှုဝန်ဆောင်မှုတွေ လက်လှမ်းမမီတာ စတဲ့ ပြဿနာတွေကို နေ့စဉ်ရင်ဆိုင် ဖြတ်သန်းနေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စု အချက်အလက်တွေကို ကောက်ယူလေ့လာချက်အရ ဆင်းရဲမွဲတေမှု အခြေအနေဟာ ဒေသအလိုက်နဲ့ လူမှုအုပ်စုအလိုက် သိသိသာသာ ကွာခြားနေတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် ရေရှည်တည်ရှိနေတဲ့ အခြေခံ အားနည်းချက်တွေအပေါ် လက်နက်ကိုင် ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိုးနှက်မှုတွေ ထပ်ဆင့်ပေါင်းစပ်လာတာကြောင့် ဆင်းရဲမွဲတေမှုဟာ ပိုမိုနက်ရှိုင်းပြီး ဖြေရှင်းရခက်ခဲတဲ့ အခြေအနေ ဖြစ်လာတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

UNDP ရဲ့ ဒီအစီရင်ခံစာဟာ ဆင်းရဲနွမ်းပါးမှု အများဆုံးဖြစ်ပွားနေတဲ့ ဒေသတွေကိုသာမက ဆင်းရဲနွမ်းပါးမှုရဲ့ အတိမ်အနက် နဲ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကိုပါ ဖော်ထုတ်ထားတာကြောင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး၊ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွေကို ပိုမိုတိကျထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ အရေးပါတဲ့ အထောက်အကူဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။

Ref & Photo: UNDP

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ကျောက်တန်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အိမ်သာထဲ ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုဖြစ်ပွား ပြည်တွင်းသတင်း

ကျောက်တန်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အိမ်သာထဲ ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၊ ရွှေကုန်းရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦးကို ၃ ခန်းတွဲ အိမ်သာထဲ ဆွဲခေါ်ကာ လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို ပြည်တွင်းသတင်း

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းကွေ့နှင့် ၎င်းရဲ့ အနီးဝန်းကျင်မှာ လေထုအထက်ပိုင်း လေဝှေ့စနစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁၁ ရက်ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်သို့…

ဖတ်ရန်
အဆိုတော် ဆက်နိုင် ရဲ့ ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တံတားဖြူအောက် သံလမ်းပေါ်မှာ တွေ့ရှိ ပြည်တွင်းသတင်း

အဆိုတော် ဆက်နိုင် ရဲ့ ရုပ်အလောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တံတားဖြူအောက် သံလမ်းပေါ်မှာ တွေ့ရှိ

စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ အဆိုတော် ဆက်နိုင်ဟာ မန္တလေးမြို့၊ တံခွန်တိုင် အဝိုင်းအကျော် အမြန်လမ်း တံတားဖြူအောက် သံလမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ သေဆုံးနေတာကို အောက်တိုဘာလ…

ဖတ်ရန်