အရေးပေါ်
ပြည်တွင်းသတင်း

ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို

၂၀၂၆ နိုဝင်ဘာ ၂၃ Myo Taw
ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို

ဆောင်းအအေးဒဏ် ပိုလာပြီး နေ့ နဲ့ ည အပူချိန်ကွာခြားချက် မြင့်မားလာနိုင်တယ်လို့ဆို

နိုဝင်ဘာ ၂၃

ထိုင်းမိုးလေဝသဌာနရဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်မကြီးနှင့် မွန်ဂိုလီးယားဘက်မှ အားကောင်းတဲ့ အအေးလေဖိအားကြီးရပ်ဝန်းဟာ တောင်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး အဆိုပါစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့မြောက်လေအေးဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ ပိုမိုအားကောင်းလာမယ်လို့ မိုးလေဝသ ပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

နိုဝင်ဘာလကုန်ရက်တွေမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့မှာ ညနှင့် မနက်စောစော အနိမ့်ဆုံးအပူချိန်ဟာ ၆ ဒီဂရီဆဲလ်စီးယပ် မှ ၁၄ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းပြီး တောင်ပေါ်ဒေသအချို့မှာ ၆ ဒီဂရီဆဲလ်စီးယပ်အောက်သို့ ရောက်ရှိကာ ဆောင်းအအေးဒဏ် သိသာလာမယ်လို့ဆိုပါတယ်။ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့မှာ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီဆဲလ်စီးယပ် မှ ၂၁ ဒီဂရီဆဲလ်စီးယပ်ခန့်အထိ ကျဆင်းနိုင်မယ်လို့ ဆိုပါတယ်။

နေ့ခင်းဘက်မှာ နေရောင်ခြည် ပြည့်ဝစွာရရှိတာကြောင့် အလယ်ပိုင်းနှင့် တောင်ပိုင်းမြေပြန့်ဒေသတွေမှာ ၃၁ ဒီဂရီဆဲလ်စီးယပ် မှ ၃၃ ဒီဂရီဆဲလ်စီးယပ်ခန့်အထိ ရရှိမှာဖြစ်ပြီး နေ့နှင့် ည အပူချိန်ကွာခြားချက် မြင့်မားလာမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း) တို့မှာ အနိမ့်တိမ် ကင်းစင်ပြီး ခြောက်သွေ့သာယာတဲ့ ရာသီဥတု လွှမ်းမိုးထားမှာဖြစ်ကာ မိုးလုံးဝကင်းစင်နေမယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) တို့မှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေလှိုင်းအနည်းငယ်ကြောင့် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အတွင်း နေရာကွက်ကျား မိုးဖွဲဖွဲ/မိုးအနည်းငယ် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းပင်လယ်ကွေ့နှင့် မလေးကျွန်းဆွယ်အနီး လေပွေလှိုင်းအကြွင်းအကျန်တွေကြောင့် တနင်္သာရီတိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး မိုးအနည်းငယ် နေရာကွက်ကျား ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား ပြည်တွင်းသတင်း

ရွာငံမှာ အသက် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား ၁၉ ဦး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ ဒေသခံပြည်သူ ၁၉ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား ပြည်တွင်းသတင်း

TikTok ကနေ ချစ်ကျွမ်းဝင်ပြီး တာဝန်မယူချင်လို့ ရည်းစားဖြစ်သူကို သတ်ပြီး ရေမြောင်းထဲ စွန့်ပစ်မှုဖြစ်ပွား

‎ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတဦးကို ထိုးသွင်းဒဏ်ရာတွေနဲ့အတူ ရေမြောင်းထဲ ဖိနှစ် စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ၃ ရက်ကြာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့ ပြည်တွင်းသတင်း

ကထိန်ပဒေသာပင်က ငွေတွေကို ကလေးငယ်တဦးက ဖြုတ်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅ သိန်းလုံး ပြန်လည်ရရှိခဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တာယာအရောင်းဆိုင်ကို ဖောက်ထွင်းပြီး ကထိန်အတွက် ပြင်ဆင်ထားတဲ့ ပဒေသာပင်က ငွေတွေကို ဖြုတ်ခိုးသွားခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့…

ဖတ်ရန်
စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် ပညာရေးဝန်ကြီး နုတ်ထွက် #shorts #myotaw ရုပ်သံ ပြည်တွင်းသတင်း

စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် ပညာရေးဝန်ကြီး နုတ်ထွက် #shorts #myotaw

စာမေးပွဲစည်းမျဉ်း ပြောင်းလဲမှု အငြင်းပွားဖွယ်ဖြစ်ပြီးနောက် တောင်ကိုရီးယား ပညာရေးဝန်ကြီး နုတ်ထွက်

ကြည့်ရန်