အရေးပေါ်
မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ

၂၀၂၆ ဇူလိုင် ၁၂ Myo Taw
မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ

မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ

ဇူလိုင် ၁၂

ဇူလိုင်လ ၁၂ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အနောက်တောင် မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ မိုးတိမ်တိုက်တွေ အဆက်မပြတ် ဝင်ရောက်နေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ ဇူလိုင်လ ၁၅ ရက် နောက်ပိုင်းမှစပြီး မိုးတိမ်တိုက်တွေ ပိုမိုသိပ်သည်းလာကာ မိုးရေချိန် ၁၅၀ မီလီမီတာမှ ၂၅၀ မီလီမီတာ ဝန်းကျင်အထိ အလွန်များပြားလာနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ကပ္ပလီပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ မုတ်သုံလေကြောင့် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး ကမ်းလွန်ပင်လယ်ပြင်မှာ မိုးရေချိန် ၂၀၀ မီလီမီတာ အထက်သို့ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှာ ခန့်မှန်းမိုးရေချိန် ၅၀ မီလီမီတာမှ ၁၀၀ မီလီမီတာ ဝန်းကျင်ရရှိနိုင်ပြီး နေ့စဉ် မိုးဖွဲဖွဲမှ မိုးအသင့်အတင့် ပုံမှန်ရွာသွန်းမယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်း(အနောက်ပိုင်း)တို့မှာ မိုးရေချိန် ၅၀ မီလီမီတာအောက် သာရှိပြီး ဒေသအလိုက် မိုးကျဲကျဲသာ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

ရေကြီး ရေလျှံမှုအန္တရာယ်အနေနဲ့ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးရေချိန် အလွန်များနိုင်တာကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းတလျှောက် ရေမျက်နှာပြင် မြင့်တက်လာကာ မြစ်ရေကြီးမှုနှင့် မြေနိမ့်ပိုင်း ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

မြေပြိုမှုအန္တရာယ်အနေနဲ့ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ တောင်တန်းဒေသတွေမှာ ဇူလိုင်လ ၁၅၊ ၁၆၊ ၁၇ ရက်တို့မှာ မိုးသည်းထန်နိုင်တာကြောင့် တောင်ပြိုတာ၊ လမ်းပိတ်တာတွေ သတိပြုသွားလာနေထိုင်ကြဖို့ အသိပေးထားပါတယ်။

ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ မုတ်သုံလေ အားကောင်းမှုကြောင့် လှိုင်းလေပြင်းထန်နိုင်တာကြောင့် ရေလုပ်ငန်းနှင့် ရေကြောင်းသွားလာရေး အထူးသတိပြုဖို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၁၂ ရက် ဒီကနေ့ ထုတ်ပြန်ချက်တွေအရ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာအထက် ကျော်လွန်ကာ ၁,၁၁၃ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ဆိုပါတယ်။

အလားတူ သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့မှာ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၁,၀၂၈ စင်တီမီတာအထိ ထပ်မံမြင့်တက် လာနိုင်တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ကာ ၂,၉၂၁ စင်တီမီတာအထိ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ကာ ၇၆၂ စင်တီမီတာသို့ လည်းကောင်း၊ ဘီးလင်းမြို့မှာ ၁,၀၃၅ စင်တီမီတာသို့ လည်းကောင်း အသီးသီး မြင့်တက်ကာ စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (14)

ဆက်စပ် သတင်းများ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း…

ဖတ်ရန်
မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ ချာတစ်ဂါး မြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ မုန်တိုင်းငယ်ဟာ ပိုမိုရွေ့လျားသွားပြီး အရှေ့ပိုင်းနှင့် ပတ်ဝန်းကျင်…

ဖတ်ရန်
မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို မိုးလေဝသ

မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို

မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်တဲ့ မိုးလေဝသ အခြေအနေကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိမ်တိုက်တွေ အားကောင်းစွာ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်မယ့် အခြေအနေ မြင့်မားနေတယ်လို့…

ဖတ်ရန်
မြန်မာနိုင်ငံအောင်ပိုင်းက မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ပျက်စီးဆုံးရှုံးမှုများခဲ့ မိုးလေဝသ

မြန်မာနိုင်ငံအောင်ပိုင်းက မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ပျက်စီးဆုံးရှုံးမှုများခဲ့

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ နေအိမ်တွေပျက်စီးကာ လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်