အရေးပေါ်
မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၈ Myo Taw
မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

မုတ်သုံလေ အားကောင်းမှုကြောင့် ဒေသအချို့မှာ မိုးကြီးပြီး မြစ်ရေမြင့်တက်လာနိုင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆို

ဇူလိုင် ၈

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း (ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ဗန်းမောက်) သို့ အရှိန်အဟုန်ပြင်းစွာ ပင့်တင်တိုက်ခတ်နေတာကြောင့် စစ်ကိုင်း(အထက်ပိုင်း)မှာ ၇ ရက်တာအတွင်း မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းအောက်ပိုင်း မြေပြန့်ဒေသတွေမှာ မိုးအသင့်အတင့်သာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ် အထက်ပိုင်းမှာ မိုးရက်ဆက်ကြီးမှုကြောင့် မြစ်ရေစိုးရိမ်ရေမှတ်သို့ ရုတ်တရက် မြင့်တက်လာနိုင်ပြီး မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာ ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် ဇူလိုင်လ ၉ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့အထိ တပတ်အတွင်း ရရှိနိုင်တဲ့ စုစုပေါင်း မိုးရေချိန်အနေနဲ့ ရခိုင်ပြည်နယ်မှာ စုစုပေါင်း မိုးရေချိန် ၃၅၀ မီလီမီတာ မှ ၅၀၀ မီလီမီတာအထက်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း) မှာ ၂၂၀ မီလီမီတာ မှ ၃၅၀ မီလီမီတာ၊ ချင်းပြည်နယ်မှာ ၂၀၀ မီလီမီတာမှ ၃၂၀ မီလီမီတာ၊ ကချင်ပြည်နယ်မှာ ၁၅၀ မီလီမီတာ မှ ၂၅၀ မီလီမီတာ၊ မွန်ပြည်နယ်မှာ ၁၄၀ မီလီမီတာ မှ ၂၄၀ မီလီမီတာ၊ ကရင်ပြည်နယ်မှာ ၁၃၀ မီလီမီတာ မှ ၂၂၀ မီလီမီတာ၊ ဧရာဝတီတိုင်းမှာ ၁၂၀ မီလီမီတာ မှ ၂၀၀ မီလီမီတာ၊ တနင်္သာရီတိုင်းမှာ ၁၀၀ မီလီမီတာ မှ ၁၈၀ မီလီမီတာ၊ ရန်ကုန်တိုင်းမှာ ၁၀၀ မီလီမီတာ မှ ၁၇၀ မီလီမီတာ၊ ပဲခူးတိုင်း (အရှေ့ခြမ်း) မှာ ၉၀ မီလီမီတာ မှ ၁၅၀ မီလီမီတာ၊ ပဲခူးတိုင်း(အနောက်ခြမ်း) မှာ ၇၀ မီလီမီတာ မှ ၁၃၀ မီလီမီတာ၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း) မှာ ၆၀ မီလီမီတာ မှ ၁၂၀ မီလီမီတာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှာ ၆၀ မီလီမီတာ မှ ၁၁၀ မီလီမီတာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ၅၀ မီလီမီတာ မှ ၁၀၀ မီလီမီတာ၊ နေပြည်တော်မှာ ၄၀ မီလီမီတာ မှ ၈၀ မီလီမီတာ၊ မန္တလေးတိုင်းမှာ ၃၀ မီလီမီတာ မှ ၇၀ မီလီမီတာ၊ မကွေးတိုင်းမှာ ၂၅ မီလီမီတာ မှ ၆၅ မီလီမီတာ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ ၂၀ မီလီမီတာ မှ ၅၅ မီလီမီတာနှင့် ကရင်နီပြည်နယ်မှာ ၁၅ မီလီမီတာ မှ ၅၀ မီလီမီတာ အသီးသီး ရရှိနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို မိုးလေဝသ

မုတ်သုံလေ အားကောင်းဆဲဖြစ်လို့ မြန်မာ့ကမ်းရိုးတန်းနှင့် တောင်တန်းဒေသတွေမှာ မိုးသည်းထန်စွာ စဉ်ဆက်မပြတ် ရွာသွန်းနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ ချာတစ်ဂါး မြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ မုန်တိုင်းငယ်ဟာ ပိုမိုရွေ့လျားသွားပြီး အရှေ့ပိုင်းနှင့် ပတ်ဝန်းကျင်…

ဖတ်ရန်
မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို မိုးလေဝသ

မုန်တိုင်းနောက်ဆက်တွဲ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆို

မြန်မာနိုင်ငံအပေါ် သွယ်ဝိုက်သက်ရောက်နိုင်တဲ့ မိုးလေဝသ အခြေအနေကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တိမ်တိုက်တွေ အားကောင်းစွာ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ကမ်းရိုးတန်းနှင့် မြောက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်မယ့် အခြေအနေ မြင့်မားနေတယ်လို့…

ဖတ်ရန်
မြန်မာနိုင်ငံအောင်ပိုင်းက မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ပျက်စီးဆုံးရှုံးမှုများခဲ့ မိုးလေဝသ

မြန်မာနိုင်ငံအောင်ပိုင်းက မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ ပျက်စီးဆုံးရှုံးမှုများခဲ့

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်က မြို့နယ်အတော်များများမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့ နေအိမ်တွေပျက်စီးကာ လူထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်