အရေးပေါ်
မှုခင်းသတင်း

နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ

၂၀၂၆ ဇူလိုင် ၈ Myo Taw
နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ

နောင်ချိုမြို့နယ်က ခရီးသွားလင်မယားကို အာဏာသိမ်း စစ်တပ်က သံသယနဲ့ဖမ်းဆီးပြီး ရိုက်နှက် လွှတ်လိုက်လို့ ဒဏ်ရာပြင်းထန်ရရှိ

ဇူလိုင် ၈

‎ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက လင်မယား ၂ ဦးကို အာဏာသိမ်းစစ်တပ်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာက အသက် ၂၀ ကျော်အရွယ် လင်မယား ၂ ဦးဟာ နောင်ချိုမြို့ကို ဈေးသွားဝယ်ပြီးအပြန်မှာ အာဏာသိမ်းစစ်တပ်က ဖုန်းကိုစစ်ဆေးပြီး တော်လှန်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

"ဈေးသွားဝယ်ရင်း လမ်းကဂိတ်မှာ စစ်တာ၊ ဖုန်းထဲ ဘာတွေတွေ့တယ် မသိဘူး၊ အဲ့မှာ အဖမ်းခံရတာ၊ သူတို့ ခုလွတ်လာပါပြီ၊ သူတို့ပြောတာတော့ စဖမ်းကတည်းက နှစ်ယောက်လုံးကို ထုရိုက်ပြီး မေးတယ်၊ ခေါင်း ကျောပြင်နဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရတယ်၊ ခုဆေးကုနေရတယ်၊ မသက်သာဘူး ဒဏ်ရာက များတယ်၊ သံသယနဲ့ဖမ်းပြီး ရိုက်ကြတာ၊ တော်လှန်ရေးတပ်ကပါဆိုပြီး အတင်းဝန်ခံခိုင်းတယ် ပြောတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူ လင်မယားဟာ ကျောက်မဲမြို့ကနေ နောင်ချိုမြို့ ဘန်ဘွေးရွာကို ပြောင်းလာတဲ့သူတွေဖြစ်ပြီး သံသယနဲ့ ၅ ရက်ကြာ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

‎အာဏာသိမ်းစစ်တပ်ဟာ ဘန့်ဘွေးရွာအနီး ဝက်ဝံဂိတ်နဲ့ ပြင်ဦးလွင်အဝင် ဂိတ်မှာလည်း ခရီးသွားနဲ့ ဒေသခံတချို့ကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး မှုခင်းသတင်း

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်တွေ မောင်းနှင်လာတဲ့ ကားနဲ့ လင်းမယား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား…

ဖတ်ရန်
နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ် မှုခင်းသတင်း

နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်၊ အလုပ်နဲ့ ထောင်ဒဏ်…

ဖတ်ရန်
သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ မှုခင်းသတင်း

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…

ဖတ်ရန်
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် မှုခင်းသတင်း

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်