အရေးပေါ်
နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

၂၀၂၆ ဇူလိုင် ၂၁ Myo Taw
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

ဇူလိုင် ၂၁

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကလည်း မနီလာမြို့ရှိ တရုတ်သံအမတ်ကို ပြန်လည်ဆင့်ခေါ်ထားတယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောဆိုလိုက်ပါတယ်။

ဒီလို အပြန်အလှန် ဆင့်ခေါ်မှုဟာ ဒုတိယသောမတ်စ် သန္တာကျောက်တန်း(Second Thomas Shoal) အနီးမှာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပဋိပက္ခအပြီး ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဘက်ကတော့ တရုတ်ဘက်က ဖိလစ်ပိုင်ရေတပ်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဦးခေါင်းကို သစ်သားတုတ်နဲ့ ရိုက်နှက်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့သလို ရာဘာလှေတစ်စင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်းနဲ့ ဖိလစ်ပိုင်ဘက်က စတင်ရန်စခဲ့ခြင်း မရှိဘူးလို့ ဖိလစ်ပိုင်စစ်တပ်က ငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပဋိပက္ခကို ဖိလစ်ပိုင်ဘက်က အရင်ဆုံး စတင်ခဲ့ပေမယ့် အခုလို တန်ပြန်စွပ်စွဲမှုတွေ ပြုလုပ်ပြီး အဖြစ်မှန်တွေကို လွဲမှားအောင် ဖော်ပြကာ အခြေအနေကို တမင်တကာ ပိုမိုကြီးမားအောင် လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ကလည်း ဖိလစ်ပိုင် ရာဘာလှေတွေဟာ တရုတ်ကင်းလှည့်လှေကို ဝင်တိုက်ခဲ့ပြီး တက်တွေ၊ တုတ်ရှည်တွေကို သုံးကာ တရုတ်အရာရှိတွေကို စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မကြာခဏ ဖြစ်လေ့ရှိပေမဲ့ အခုလို သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်တဲ့အထိ ဖြစ်လာတာကတော့ အတော်လေး ရှားပါးတဲ့ သံတမန်ရေးဆိုင်ရာ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဆိုရမှာပါ။

သမ္မတ မားကိုးစ် အစိုးရလက်ထက်မှာ တရုတ်ဘက်က ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်တာဟာ အခုအကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ရှိပြီဖြစ်ပြီး သမ္မတ မားကိုးစ် ဘက်က တရုတ်သံအမတ်ကို ဆင့်ခေါ်တာကတော့ ၂၀၂၃ ခုနှစ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောက စစ်ဘက်သုံး လေဆာရောင်ခြည်နဲ့ ချိန်ရွယ်ခဲ့ဆိုတဲ့ ဖြစ်စဉ်အပြီးမှာ နောက်ဆုံးအကြိမ်အဖြစ် ဆင့်ခေါ်ခဲ့ဖူးပါတယ်။


Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို နိုင်ငံတကာသတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် အာဆီယံဥက္ကဋ္ဌနှင့် တီမောသမ္မတတို့ထံ APHR စာပို့တောင်းဆို

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ကျင်းပနေချိန်အတွင်း အာဆီယံ လူ့အခွင့်အရေး ပါလီမန်မတ်များအဖွဲ့ (APHR) က အာဆီယံဥက္ကဋ္ဌ…

ဖတ်ရန်
အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု နိုင်ငံတကာသတင်း

အသက် ၁၅ နှစ်အောက် ဆိုရှယ်မီဒီယာ သုံးခွင့် ပိတ်မယ့် ဥပဒေကြမ်းကို ပြင်သစ်ပါလီမန် ညှိနှိုင်းရေးကော်မတီ အတည်ပြု

ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် ကလေးတွေနဲ့ လူငယ်တွေ ဆိုရှယ်မီဒီယာ သုံးစွဲခွင့်ကို ပိတ်ပင်မယ့် ဥပဒေကြမ်းကို ပါလီမန် ညှိနှိုင်းရေးကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ…

ဖတ်ရန်
ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက် နိုင်ငံတကာသတင်း

ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပြီးနောက် အီရန်ကို အမေရိကန် ဗုံးကြဲတိုက်ခိုက်

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၁ ဦး ပျောက်ဆုံးသွားခဲ့ပြီးနောက် အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညမြောက်အဖြစ် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

ဖတ်ရန်
ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ နိုင်ငံတကာသတင်း

ပီရူးမှာ ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရ

ပီရူးနိုင်ငံရဲ့ တောင်ထူထပ်တဲ့ဒေသမှာ ငလျင် ၂ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပီရူး…

ဖတ်ရန်