အရေးပေါ်
မိုးလေဝသ

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၂၁ Myo Taw
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်ပြီး ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ မိုးအလွန်ကြီးနိုင်တယ်လို့ဆို

ဇူလိုင် ၂၁

ECMWF, GFS နှင့် ICON မော်ဒယ်တွေရဲ့ မိုးလေဝသ ထုတ်ပြန်ချက်တွေအရ ဖိလစ်ပိုင်နိုင်ငံ လူဇုန်းကျွန်း (Luzon) မြောက်ဘက်/အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ECMWF နဲ့ ICON မော်ဒယ်တို့ရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းဟာ အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားပြီး တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တို့ဆီသို့ ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်မယ့် အနေအထားရှိနေတယ်လို့ ဆိုပါတယ်။

GFS မော်ဒယ်ရဲ့ အဆိုအရ မုန်တိုင်းဗဟိုချက်ဟာ တရုတ်ကမ်းရိုးတန်း အနီးတစ်ဝိုက်မှာ တစ်ခုနှင့် ဖိလစ်ပိုင်အရှေ့ဘက် ပင်လယ်ပြင်မှာ နောက်ထပ်စနစ်တစ်ခုအဖြစ် ခွဲထွက်ကာ ပိုမိုကျယ်ပြန့်တဲ့ လေဝဲစနစ်ကြီးအဖြစ် ရွေ့လျားနေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ သာမန် မုတ်သုံလေစီးကြောင်းသာ ရှိပေမယ့် ICON မော်ဒယ်ရဲ့ ခန့်မှန်းချက်အရ ဇူလိုင်လ ၂၇ ရက်မှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ်/ရခိုင်ကမ်းလွန်)မှာ လေဖိအား နည်းရပ်ဝန်း/လေပွေလှိုင်းအသစ်တစ်ခု ထပ်မံစတင်ဖွဲ့စည်းလာနိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၂၇ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေပွေလှိုင်းအသစ်နှင့် မုတ်သုံလေပြင်း ပေါင်းစပ်မှုကြောင့် ရခိုင်ပြည်နယ် (စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ)နှင့် ချင်းပြည်နယ် တို့မှာ ၃ ရက်အတွင်း မိုးရေချိန် ၂၀၀ မီလီမီတာ မှ ၃၀၀ မီလီမီတာအထိ ရရှိနိုင်ပြီး မိုးအလွန်ကြီး နိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာ မုတ်သုံလေပြင်း အဝင်လမ်းကြောင်းအတွင်း ကျရောက်နေတာကြောင့် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းနှင့် မုတ္တမကွေ့အနီးမှာ မိုးသက်လေပြင်းကျတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ ၃ ရက်တာအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာမှ ၂၀၀ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မုတ်သုံမြောင်တန်းနှင့် မုန်တိုင်း အရှိန်အဟုန် အနောက်ဘက်သို့ ရွေ့လျားမှုတို့ကြောင့် ကုန်းတွင်းပိုင်း တောင်တန်းဒေသတွေမှာ မိုးကျယ်ကျယ်ပြန့်ပြန့် ရွာသွန်းမယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး မွန်းလွဲပိုင်း၊ ညနေပိုင်း၊ ညပိုင်းအချိန်တွေအတွင်း မိုးတိမ်တောင်တွေကြောင့် မိုးထစ်ခြုန်း ရွာတာမျိုး ဖြစ်ပေါ်နိုင်လာတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

#myotawnpt

#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို ဖြစ်စဉ်ဟာ ပိုမိုခိုင်မာလာပြီး မိုးရာသီဟာ ပုံမှန်ထက်စောလျင်စွာ ကုန်ဆုံးနိုင်တယ်လို့ဆို

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ El Niño (အယ်လ်နီညို) အခြေအနေဟာ ပိုမိုခိုင်မာလာပြီး လာမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ တလျှောက်လုံး ဗဟိုနှင့်…

ဖတ်ရန်
တောင်တရုတ်ပင်လယ်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးရေချိန် မြင့်မားမယ်လို့ဆို မိုးလေဝသ

တောင်တရုတ်ပင်လယ်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးရေချိန် မြင့်မားမယ်လို့ဆို

တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နိုင်ငံမြောက်ဘက်နှင့် ထိုင်ဝမ်ကျွန်း တောင်ဘက်ရေပြင်မှာ အလွန်အားကောင်းတဲ့ မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဖတ်ရန်
ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

လာမယ့် ၇ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ပုံမှန်ထက် အားကောင်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း တို့ရဲ့ သက်ရောက်မှုကြောင့်…

ဖတ်ရန်
မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တစ်နိုင်ငံလုံးမှာ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး မြို့ကြီးအချို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေ

ဇူလိုင်လ ၁၂ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ အနောက်တောင် မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့မှ မိုးတိမ်တိုက်တွေ အဆက်မပြတ် ဝင်ရောက်နေတယ်လို့…

ဖတ်ရန်