အရေးပေါ်
မှုခင်းသတင်း

မင်္ဂလာဒုံမှာ အမျိုးသမီးရုပ်အလောင်းတခု အသတ်ခံထားရတဲ့ အနေအထားနဲ့ လာရောက်စွန့်ပစ်မှု ဖြစ်ပွား

၂၀၂၆ ဇူလိုင် ၇ Myo Taw
မင်္ဂလာဒုံမှာ အမျိုးသမီးရုပ်အလောင်းတခု အသတ်ခံထားရတဲ့ အနေအထားနဲ့ လာရောက်စွန့်ပစ်မှု ဖြစ်ပွား

မင်္ဂလာဒုံမှာ အမျိုးသမီးရုပ်အလောင်းတခု အသတ်ခံထားရတဲ့ အနေအထားနဲ့ လာရောက်စွန့်ပစ်မှု ဖြစ်ပွား

ဇူလိုင် ၇

‎ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က အိမ်ရာဝင်းတခုအတွင်းမှာ အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ မနက် ၈ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ ပုလဲအိမ်ရာဝင်းအတွင်းမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးရဲ့ ရုပ်အလောင်း လာရောက် စွန့်ပစ်ထားတာကို ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“မန်ယူအင်္ကျီ ဝတ်ထားတယ်၊ လည်ပင်းမှာ ကြိုးအရာတွေ တွေ့တယ်၊ ကြိုးဆွဲချသလိုမျိုး လျှာကလည်း ထွက်နေတယ်၊ ကျောကုန်းနဲ့ လက်မောင်းမှာလည်း တက်တူးတွေ တွေ့တယ်၊ လည်ပင်းကို ကြိုးနဲ့ညှစ်ပြီး အသတ်ခံထားရတာ ထင်တယ်” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက ပြောပါတယ်။

ရုပ်အလောင်းကို လည်ပင်းမှာ ကြိုးနဲ့ချည်ကာ ညှစ်သတ်ခံထားရတဲ့ အနေအထားမျိုး တွေ့ရှိရပြီး လက်မောင်းနဲ့ ကျောကုန်းမှာ ငှက်ပုံတက်တူး ထိုးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓာဝီဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ နေရပ်လိပ်စာကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပေါ်တာဆွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ပေါ်တာဆွဲခံခဲ့ရဖူးသူက ဓားနဲ့ ခုတ်သတ် မှုခင်းသတင်း

ပေါ်တာဆွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ပေါ်တာဆွဲခံခဲ့ရဖူးသူက ဓားနဲ့ ခုတ်သတ်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းရွာမှာ ပေါ်တာအဆွဲခံခဲ့ရတာကို မကျေနပ်လို့ အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အောင်လံမြို့၊…

ဖတ်ရန်
နေပြည်တော်မြို့တွင်း ခရီးစဥ်အတွက် EV Bus ကားလိုင်းကို တစ်ရက် (၄) ခေါက် စတင်ပြေးဆွဲနေ ပြည်တွင်းသတင်း

နေပြည်တော်မြို့တွင်း ခရီးစဥ်အတွက် EV Bus ကားလိုင်းကို တစ်ရက် (၄) ခေါက် စတင်ပြေးဆွဲနေ

နေပြည်တော်မြို့တွင်း ခရီးစဥ်အတွက် "ရာဇာမင်း" ယာဉ်လိုင်းမှ EV Bus ကားလိုင်းကို ဇူလိုင်လ ၆ ရက် မနေ့က စတင်ပြီး တစ်ရက် (၄) ခေါက်…

ဖတ်ရန်
တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ နိုင်ငံတကာသတင်း

တရုတ်မှာ မေဆက် မုန်တိုင်းကြောင့် လူသေဆုံးမှုတွေရှိပြီး လူသောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

တရုတ်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်း မေဆက် မုန်တိုင်းကြောင့် ရေကာတာတွေကျိုးပေါက်ပြီး အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရပါတယ်။

ဖတ်ရန်