အရေးပေါ်
မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

၂၀၂၆ သြဂုတ် ၂၈ Myo Taw
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၂)ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Grade-3 ကျောင်းသားကလေးငယ်မှာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သားအမိနှစ်ယောက် စက်ဘီးစီးပြီးပြန်လာစဉ် လမ်းဘေးမှာရပ်ထားတဲ့ ကားတစီးက နောက်ကိုမကြည့်ဘဲ တံခါးဖွင့်လိုက်တာကြောင့် စက်ဘီးနဲ့ငြိကာ လဲသွားခဲ့ပြီး နောက်မှလာတဲ့ ဒိုင်နာကားက တက်ကြိတ်မိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

"ဖြစ်စဉ်ဖြစ်တာ အမှန်ပါ၊ အလကခွဲ(၁၀)ကနေ ကျောင်းကြိုပြီးပြန်လာတာ၊ ကလေးက ၃ တန်း ကျောင်းသားလေးပါ၊ နေရာမှာပဲသေသွားတယ်၊ အမေဖြစ်သူကတော့ မြောက်ဥက္ကလာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်၊ ကြားရတာစိတ်ထဲမကောင်းဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူကလေးငယ်မှာ Grade-3 ကျောင်းသား မောင်ပြည့်သုတ ဖြစ်တယ်လို့သိရပြီး လတ်တလောမှာတော့ ဒိုင်နာယာဉ်မောင်းဖြစ်သူ ဦးနန်းဦးမောင်ကို ရွှေပေါက်ကံနယ်မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ကာ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ် ပြည်တွင်းသတင်း

အဖွားဖြစ်သူကိုမဆဲဖို့ ကလေးကို အိမ်နီးချင်းဖြစ်သူက သွန်သင်ဆုံးမရာက ဖခင်ဖြစ်သူနဲ့ လုံးထွေးသတ်ပုတ်ကြရင်း ဓားထိုးမှုဖြစ်

နိုဝင်ဘာလ ၂၅ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်ခန့်က အသက် ၁၁ နှစ်အရွယ် ကျောင်းသားဖြစ်သူက အသက် ၆၁ နှစ်အရွယ် အဖွားဖြစ်သူကို…

ဖတ်ရန်
သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ ပြည်တွင်းသတင်း

သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးတဲ့ ဖခင် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို သတ်ပြီး နေအိမ်မီးရှို့ထွက်ပြေးခဲ့တဲ့ ဖခင်အရင်းဖြစ်သူ လိုက်လံဖမ်းဆီးစဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး ပြည်တွင်းသတင်း

ပခုက္ကူမြို့မှာ ပြန်ပေးဆွဲမှုနဲ့ ခိုးမှုတွေ တရက်တည်း ၄ မှု ဖြစ်ခဲ့ပြီး ရဲစခန်းသွားတိုင်ပေမယ့် မှတ်တမ်းသာယူပြီး အမှု မဖွင့်ပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ရပ်ကွက်တချို့မှာ တရက်တည်း ပြန်ပေးဆွဲမှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ရဲတိုင်ပေမယ့် စာရင်းပြုစုပေးတာပဲရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖတ်ရန်
ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး မှုခင်းသတင်း

ပလမြို့အနီး ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာဖြစ်သူ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးမှာ ခရီးသည်တင်ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကားဒရိုက်ဘာ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်